ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေကတော့ ရင်ခွင်မဲ့ ကလေးငယ်လေးတွေအတွက် မိဘမဲ့ဂေဟာဖွင့်လှစ်ပြီး မိခင်အရင်းသဖွယ် ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ လတ်တလော မြို့နယ်တချို့တွေမှာ လူမယ်ကလေးသူငယ်တွေကို လာရောက်စွန့်ပြစ်မှုတွေကလည်း ပိုမိုများလာတာတွေ့ရပါတယ်။ ဒီလို စွန့်ပြစ်ခံ လူမယ်ကလေးသူငယ်များကိုလည်း ခိုင်နှင်းဝေက တရားဝင် ခေါ်ယူပြီး ထိန်းသိမ်းစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။
ယခုမှာလည်း ခိုင်နှင်းဝေရဲ့ လူမှုကွန်ယက်မှာ နောက်ထပ်စွန့်ပြစ်ခံရတဲ့ မွေးကင်းစကလေးငယ် လေး တစ်ဦးရဲ့ အဖြစ်ကို ပြောပြလာခဲ့တာ တွေ့ရပါတယ်။ ဒီတစ်ခါစွန့်ပြစ်ခံရတဲ့ ကလေးဟာ ဧရာဝတီတိုင်း ၊ ဝါးခယ်မဘက်ကလို့ သိရပါတယ်။ ကလေးငယ်ကိုတော့ စက္ကူပုံးထဲထည့်ပြီး လုံချည်ဖြင့် ဖုံးအုပ်ပေးထားတာကို ဖော်ပြပါပုံရိပ်တွေအရ တွေ့မြင်ရပါတယ်။
အဆိုပါ ကလေးငယ်ဟာ လက်ရှိမှာ သေလား၊ရှင်လားဆိုတာကို မသိရသေးပေမယ့် ကျေးရွာက လိုအပ်တာတွေကို စောင့်ရှောက် ပေးထားတယ်လို့လည်း ဆိုပါတယ်။ ခိုင်နှင်းဝေကတော့ စွန့်ပြစ်ခံရတဲ့ ကလေးငယ်ကို လူ့လောကထဲမှာ ရှင်သန်ခွင့်ရအောင် အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ပေးမယ်လို့ ဖော်ပြထားပါတယ်။ စွန့်ပြစ်ခံရတဲ့ လူမမယ်အရွယ် ကလေးငယ်လေးရဲ့ မြင်ကွင်းကတော့ တကယ့်ကို စိတ်မကောင်းဖြစ်ပြီး ပရိသတ်တွေကလည်း ဆုတောင်းပေးကြပါဦးနော်။
သတင်း အရင်းအမြစ်៖ Source - Khine Hnin Wai