90's Born တွေရဲ့ အသည်းစွဲငယ်ချစ်ဦးဖြစ်တဲ့ Britney Spears ဟာ မနေ့က စေ့စပ်လိုက်ပြီဖြစ်ကြောင်း သူမရဲ့ instagram မှာတင်လာခဲ့ပါတယ်။သူမဟာ From the Bottom of my broken Heart , Baby One More Time အစရှိတဲ့သီချင်းတွေနဲ့ ရေပန်းစားအောင်မြင်ကျော်ကြားလာတာဖြစ်ပါတယ်။
သူမ ချစ်သူ Sam Asghari ဟာ မနေ့က သူမကို Propose လုပ်ခဲ့ပြီး သူမဟာ Sam ကို လက်တွဲဖော်ကောင်းအဖြစ်သတ်မှတ်တာမို့ Yes လို့ အဖြေပေးခဲ့တာပဲဖြစ်ပါတယ်။ Sam ဟာ သူမကို ဘယ်လောက်ထိတန်ဖိုးထားပြီးချစ်မြတ်နိုးလဲဆိုရင် Newyork ရဲ့ နာမည်ကြီး Jewellery Centre ကနေ Britney အတွက် The Britney ဆိုတဲ့ Brand တစ်ခုကို သီးသန့် လက်စွပ် ဒီဇိုင်းထုတ်ပြီး propose လုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင် လက်စွပ်မှာ Britney ကို သူခေါ်နေကျ Nickname လေး Lioness ဆိုပြီးရေးထားပါသေးတယ်။အဓိပ္ပာယ်ကတော့ ရဲရင့်လွန်းသူလေး ဆိုတဲ့ အဓိပ္ပာယ်လေးပါ။သူမတို့စုံတွဲရဲ့ ဓာတ်ပုံတွေကိုကြည့်ရှုခံစားရင်း Britney ကို ဂုဏ်ပြုလိုက်ကြရအောင်နော်။