အဆိုးဆုံးအချိန်ထိ မျှော်လင့်ထားပေမယ့် နေအိမ်နဲ့စျေးဆိုင် မီးရှို့ဖျက်ဆီးခံရချိန်မှာတော့ ရင်ထဲဆို့နင့်အောင် ကြေကွဲခံစားနေရတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/b9/b91dc76eeb301c9db630b773721e706c2f93383e.jpg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အဆိုးဆုံးအချိန်ထိ မျှော်လင့်ထားပေမယ့် နေအိမ်နဲ့စျေးဆိုင် မီးရှို့ဖျက်ဆီးခံရချိန်မှာတော့ ရင်ထဲဆို့နင့်အောင် ကြေကွဲခံစားနေရတဲ့ ပြည်သူတစ်ဦး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းက ကျေးရွာတွေထဲ ဝင်ရောက်ပြီး  ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေဟာ ဘေးကင်းရာနေရာတွေမှာ စစ်ဘေးရှောင်နေကြပါတယ်။ ဂန့်ဂေါမြို့နယ်အတွင်းက ရွာမှာရှိကြတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာရှင်လူတစ်စုက မီးရှို့ဖျက်ဆီးတဲ့ သတင်းတွေ မကြာခဏ ကြားသိနေရပါတယ်။ ယခုလိုမီးရှို့ဖျက်ဆီးသွားမှုကြောင့် ချွေးနည်းစာပိုက်ဆံတွေနဲ့ ဆောက်လုပ်ထားတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေဟာ ရစရာမရှိအောင် ပျက်စီးသွားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ ပြည်သူတစ်ဦးဟာ သူရဲ့နေအိမ်နဲ့ စျေးဆိုင်လေးမီးရှို့ခံရလို့ အလွန်စိတ်မကောင်းဖြစ်နေပြီး သူမခံစားနေရတဲ့ ခံစားချက်တွေကို ပြည်သူတွေဆီ ဖွင့်ဟပြောပြလာခဲ့ပါတယ်။အဆိုပါပြည်သူကတော့ အဆိုးဆုံးအချိန်ထိ မျှော်လင့်ထားပေမယ့် ယခုလိုရစရာမရှိအောင် မီးရှို့ဖျက်ဆီးခံရချိန်မှာတော့ ရင်ထဲဆို့နင့်အောင် ခံစားနေရတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။ အဆိုပါပြည်သူကတော့ အဆိုးဆုံးအချိန်ထိ မျှော်လင့်ပြီးသားမို့ သိပ်မခံစားရဘူးလို့ ထင်ခဲ့မိကြောင်း၊ ဖခင်ရဲ့ဇိမ်ခံပစ္စည်းဖြစ်တဲ့ TV လေးတစ်လုံးရယ်၊ရေခဲသေတ္တာလေးကို မီးလောင်ရင် ပါသွားမှာစိုးတာကြောင့် သွားယူရအောင်ဆိုတဲ့ စကားကို ကြားယောင်မိကြောင်း ဖွင့်ဟထားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ငိုမယ်ကြံတိုင်း မျက်ရည်ကမကျတော့ဘဲ ရင်ထဲဆို့နင့်အောင် ခံစားနေရကြောင်း၊ အိမ်ကော ဆိုင်ကော ရင်နှီးထားရတာကြောင့် ပေးဆပ်ခဲ့ရတဲ့ တန်ဖိုး (၁၀)ဆကို ပြန်ယူမှာဖြစ်ကြောင်း၊ အရေးတော်ပုံ အောင်မြင်ချိန်အထိ အားတင်းထားကြောင်း အဆိုပါပြည်သူက ပြောပြထားခဲ့ပါတယ်။ နေအိမ်နဲ့ စျေးဆိုင် မီးရှို့ဖျက်ဆီးခံရလို့ အလွန်စိတ်မကောင်းဖြစ်နေတဲ့ အဆိုပါပြည်သူကို အားတင်းကြဖို့ အားပေးစကားတွေ ပြောဆိုနေကြပါတယ်။ ချွေးနည်းစာပိုက်ဆံတွေနဲ့ ဆောက်ထားတဲ့ ပြည်သူတစ်ဦးရဲ့ နေအိမ်နဲ့စျေးဆိုင်လေး မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T