မင်းသမီးချောခိုင်နှင်းဝေကတော့ "ခိုင်နှင်းဝေ ရင်သွေးလေးများ"ဂေဟာကို တည်ထောင်ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ ကလေးလေးတွေအများကြီးကို မွေးစားထားလိုက်ပြီဖြစ်ပါတယ်။စောင့်ရှောက်မှာကင်းမဲ့နေတဲ့သားသမီးတွေအကုန်လုံးကို သူမရဲ့မေတ္တာတွေပေးပြီး အပူအပင်ကင်းမဲ့တဲ့ကလေးဘဝလေးဖြစ်အောင် သေချာဂရုစိုက်ပေးတာပဲဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့ စိတ်ဓာတ်ကို ပြည်သူအများအပြားကလည်းလေးစားနေကြတာဖြစ်လို့သူမရဲ့အလှူတွေမှာဆိုရင် တတပ်တအားပါဝင်ကုသိုလ်ယူကြတာပဲဖြစ်ပါတယ်။
ကလေးတွေအကုန်လုံးကလည်း မေတ္တာစစ်မှန်သူနဲ့တွေ့ရတာကြောင့် အရွယ်ရောက်လာလေ၊ချစ်ဖို့ကောင်းလေဖြစ်ပြီး လိမ္မာရေးခြားလည်းရှိကြပါတယ်။မနေ့ကဆိုရင်တော့ မေမေခိုင်နှင်းဝေရဲ့အိမ်ကို ကလေးအငယ်အဖွဲ့က လာလည်ကြတာဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့ သမီးချောလေး ရွှန်းရွှန်းကလည်း မောင်လေး၊ညီမလေးတွေက အိမ်လာလည်ကြလို့ အရမ်းပျော်ရွှင်နေပြီး အတူဆော့ကစားပေးနေတာဖြစ်ပါတယ်။ကလေးတွေကိုလည်း အစ်မကြီးအမိရာပီပီ နို့ဘူးလေးတိုက်ပြီး ဂရုစိုက်ပေးပါတယ်။
မေမေခိုင်နှင်းဝေကတော့ သားသမီးတွေ တစ်ယောက်ချင်းစီကို ရင်ခွင်ထဲမှာပွေ့ထားပြီး မေတ္တာတွေပေးနေတာဖြစ်ပါတယ်။ကလေးတွေအကုန်လုံးက ခိုင်နှင်းဝေရဲ့အရိပ်အောက်မှာ လုံခြုံနွေးထွေးစွာ နေထိုင်ရတာကြောင့် ပြည်သူတွေကလည်း ပီတိဖြစ်စွာလှူဒါန်းကြပါတယ်။သူမကလည်း ကလေးတွေကို တန်းတူရည်တူ ဂရုစိုက်ပေးပြီး သမီးလေးရွှန်းရွှန်းကိုလည်း သေချာသင်ကြားပေးထားတာဖြစ်ပါတယ်။ဒါ့ကြောင့် မောင်လေး၊ညီမလေးတွေကိုဂရုတစိုက်နဲ့ချစ်ပေးနေတဲ့ ရွှန်းရွှန်းရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit:Khine Hnin Wai’s Facebook page