နောက်ဆုံးအချိန်မှာတောင် လက်သုံးချောင်းထောင်ပြီးရဲရင့်ခဲ့တဲ့ သားဖြစ်သူအတွက် မျက်ရည်မဆယ်နိုင်အောင်ဝမ်းနည်းပူဆွေးနေတဲ့ မိဘနှစ်ပါးရဲ့ ဗီဒီယို

//s9.kh1.co/48/482db53315f34a377a54156deef3074e02a5ca21.jpg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

နောက်ဆုံးအချိန်မှာတောင် လက်သုံးချောင်းထောင်ပြီးရဲရင့်ခဲ့တဲ့ သားဖြစ်သူအတွက် မျက်ရည်မဆယ်နိုင်အောင်ဝမ်းနည်းပူဆွေးနေတဲ့ မိဘနှစ်ပါးရဲ့ ဗီဒီယို

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ အလွန်စိတ်မကောင်းဖြစ်စရာကောင်းပြီး ဝမ်းနည်းစရာကောင်းတဲ့ ဓာတ်ပုံလေးတစ်ခု လူမှုကွန်ယက်စာမျက်နှာထက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။အကြောင်းကတော့ လူငယ်လေးနှစ်ဦးဟာ မဆုံးပါးခင် နောက်ဆုံးအချိန်မှာတောင် အမှန်တရားအတွက် ရဲရဲရင့်ရင့်နဲ့ ရပ်တည်ပြီး လက်သုံးချောင်းထောင်ခဲ့တာပဲ ဖြစ်ပါတယ်။ဆုံးပါးသွားတဲ့ အဆိုပါလူငယ်လေးနှစ်ဦးရဲ့ နာမည်က ပါစကွားလယ်နဲ့ ဖီးဒေးလယ်တို့ဖြစ်ကြပြီး ဒီမော့ဆိုမြို့နယ်က စစ်ဘေးရှောင်လူငယ်လေးတွေပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ ပြည်သူတစ်ဦးဟာ ဆုံးပါးသွားတဲ့ လူငယ်လေးတွေရဲ့ မိဘတွေရှိရာ စစ်ဘေးရှောင်စခန်းလေးတစ်ခုဆီကို လာရောက်ပြီး ကူညီဖေးမခဲ့ပါတယ်။ ဆုံးပါးသွားတဲ့ လူငယ်လေးတစ်ဦးဖြစ်တဲ့ ပါစကွားလယ်ရဲ့ မိဘတွေကိုသာ တွေ့ဆုံနိုင်ခဲ့ကြောင်းသိရပြီး ဖီးဒေးလယ်ရဲ့ မိဘများနဲ့တော့ ဖုန်းဖြင့်သာ ဆက်သွယ်ခဲ့ပြီး သွားရောက်တွေ့ဆုံ နိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။ ယခုမှာတော့ ပါစကွားလယ်ရဲ့ မိဘနှစ်ပါးဟာ နောက်ဆုံးအချိန်မှာတောင် အမှန်တရားအတွက် ရဲရင့်ခဲ့တဲ့ သားဖြစ်သူအတွက် မျက်ရည်မဆယ်နိုင်အောင် ငိုကြွေးပြီး ဝမ်းနည်းပူဆွေးနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

သားဖြစ်သူရဲ့ မှတ်ပုံတင်လေးကို ကြည့်ပြီး လွမ်းဆွတ်သတိရရင်း ယူကျုံးမရဖြစ်နေတဲ့ ပါစကွားလယ်ရဲ့ မိခင်ကို သွားရောက်ကူညီခဲ့တဲ့ ပြည်သူက ဗီဒီယိုလေး ရိုက်ကူးထားခဲ့ပါတယ်။ ကျဆုံးသွားတဲ့ လူငယ်လေးနှစ်ဦး ရောက်ရာ ဘုံဘဝကနေ စိတ်အေးချမ်းနိုင်ဖို့အတွက် စစ်ရှောင်စခန်းမှ သူတို့ရဲ့မိသားစုဝင်တွေကို ပြည်သူတွေအနေနဲ့ ကူညီဖေးမပေးကြဖို့ အဆိုပါပြည်သူက တိုက်တွန်းလိုက်ပါတယ်။မဆုံးပါးခင် နောက်ဆုံးအချိန်မှာတောင် လက်သုံးချောင်းထောင်ခဲ့တဲ့ သားဖြစ်သူပါစကွားလယ်အတွက် ပူဆွေးဝမ်းနည်းနေတဲ့ မိဘနှစ်ပါးရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T