ထမင်းစားခါနီး လောက်ကောင်လေးတွေပါလာတာမြင်ပေမယ့် ဗိုက်ဆာလွန်းတာကြောင့် မသွန်ပစ်နိုင်ပဲ စားလိုက်ရတဲ့အဖြစ်ကိုပြောလာတဲ့ PDF လူငယ်လေး

//s9.kh1.co/27/27a15e2bdc5d6e631460a6c2077e69e7625bacc5.jpeg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

..

တော်လှန်ရေးတိုက်ပွဲကြီးအတွက် ပြည်သူတွေမှာ ပေးဆပ်မှုတွေများပြားနေပြီး မျိုးဆက်သစ်လူငယ်တွေမှာလည်း တောထဲမှာစစ်သင်တန်းတွေတက်ရောက်ကာ လက်နက်ကိုင်တော်လှန်နေကြပြီ ဖြစ်ပါတယ်။ 

တောထဲတောင်ထဲ မိုးထဲလေထဲမှာ ဖြစ်သလိုကြုံသလိုနေထိုင်စားသောက်ရင်း အာဏာရှင်ကိုဖြုတ်ချဖို့နဲ့ ရှေ့ဆက်ရမယ့်အနာဂတ်တွေအတွက် အစွမ်းကုန်အားတင်းကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။

Photo Credit - Aung Htoo Aung Htoo's Fb Acc
Photo Credit - Aung Htoo Aung Htoo's Fb Acc

တောထဲမှာ အနေအစားဆင်းရဲလွန်းတဲ့အတွက် ထမင်းစားခါနီး လောက်ကောင်လေးတွေပါလာတာမြင်ပေမယ့် ဗိုက်ဆာလွန်းတာကြောင့် မသွန်ပစ်နိုင်ပဲ စားလိုက်ရတဲ့အဖြစ်တွေလည်း ရှိနေကြပါတယ်။

ဆက်စားရမလား သွန်ပစ်ရမလားဝေခွဲမရဖြစ်ရပေမယ့် လောက်တက်နေတဲ့ ထမင်းဟင်းတွေကို အံ့ကြိတ်မြိုချရင်း ဗိုက်ဖြည့်ကာ တော်လှန်ရေးအတွက် ကြိုးစားနေကြတာဟာ တကယ်ကို ရင်နာစရာကောင်းလွန်းပါတယ်။ 

Photo Credit - Aung Htoo Aung Htoo's Fb Acc
Photo Credit - Aung Htoo Aung Htoo's Fb Acc
Photo Credit - Aung Htoo Aung Htoo's Fb Acc
Photo Credit - Aung Htoo Aung Htoo's Fb Acc

အဆိုပါအကြောင်းအရာတွေကိုတော့ တော်လှန်ရေးရဲဘော်တစ်ဦးက ဓာတ်ပုံတွေနဲ့တကွ စိတ်မကောင်းစွာ ပြောပြထားတာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ရင်နာစိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့လမ်းမှာ ပန်းကန်မရှိဘဲ ထတင်းစားရသလို တောထဲမှာ အသားမပါတဲ့ဟင်းကိုတောင် ကြိုက်တတ်နေကြတဲ့ သူရဲကောင်းတွေရဲ့ အနစ်နာခံပေးဆပ်မှုတွေကို ပြည်သူတွေကလည်း အမှတ်ရလေးစားနေကြတာပါ။

Photo Credit - Aung Htoo Aung Htoo's Fb Acc
Photo Credit - Aung Htoo Aung Htoo's Fb Acc

သတင်း အရင်းအမြစ်Aung Htoo Aung Htoo's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T