ထိုင်းနိုင်ငံသူလေး Lisa စက္ကန့်ပိုင်းမျှဝတ်ဆင်ခဲ့တဲ့ ထိုင်းရိုးရာခေါင်းဆောင်းလေးနဲ့ ပုံစံတူတွေကို အမြတ်တနိုးနဲ့ဝယ်ယူနေကြတဲ့ ထိုင်းပြည်သူများ

//s9.kh1.co/e5/e505347e7b0a1f7368f03fe679ffff9385d748f3.jpeg
အနုပညာရှင်များ

 ၁၃-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ထိုင်းနိုင်ငံသူလေး Lisa စက္ကန့်ပိုင်းမျှဝတ်ဆင်ခဲ့တဲ့ ထိုင်းရိုးရာခေါင်းဆောင်းလေးနဲ့ ပုံစံတူတွေကို အမြတ်တနိုးနဲ့ဝယ်ယူနေကြတဲ့ ထိုင်းပြည်သူများ

နာမည်ကြီး K Pop အဆိုတော် Lisa ကတော့ ထိုင်းလူမျိုးတစ်ယောက်ဖြစ်ပြီး သူမရဲ့နိုင်ငံကိုလည်း အမြဲဂုဏ်တက်စေတဲ့သူဖြစ်ပါတယ်။သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်Album မှထွက်ရှိလာတဲ့" LALISA " သီချင်းကိုလည်း ထိုင်းလူမျိုးတွေက အရမ်းအားပေးကြပါတယ်။ဒါ့အပြင် MV ထဲမှာ Lisa ဝတ်ဆင်ခဲ့တဲ့ ထိုင်းရိုးရာဝတ်စုံလေးကြောင့်သူမရဲ့နိုင်ငံချစ်စိတ်ကိုလည်း ထိုင်းပြည်သူတွေက ချီးကျူးနေကြတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Lisa ရဲ့ ထိုင်းရိုးရာဝတ်စုံလေးကိုဆိုရင် ထိုင်းနိုင်ငံမှ ဖက်ရှင် Brand တစ်ခုဖြစ်တဲ့ ASAVA က သီးသန့်ဖန်တီးချုပ်လုပ်ပေးထားတာဖြစ်ပါတယ်။ဝတ်စုံပေါ်မှာလည်း ကျောက်မျက်ရတနာတွေစီခြယ်ထားပြီး ခေတ်သစ်အမြင်နဲ့ပေါင်းစပ်ထားတာကြောင့် ဝတ်စုံလေးက အရမ်းပေါ်လွင်နေခဲ့ပါတယ်။ဒါ့အပြင် Lisa ဆောင်းခဲ့တဲ့ ထိုင်းရိုးရာ"ဒေါ့ချာဒါး "ခေါင်းဆောင်းတွေက ဘန်ကောက်"စန်းဖိန်း"လက်လီစျေးထဲမှာ ပုံစံတူတွေ အရမ်းရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။

Photo Credit:Thai News Pix’s Fb page
Photo Credit:Thai News Pix’s Fb page
Photo Credit:Thai News Pix’s Fb page
Photo Credit:Thai News Pix’s Fb page
Photo Credit:Thai News Pix’s Fb page
Photo Credit:Thai News Pix’s Fb page
Photo Credit:Thai News Pix’s Fb page
Photo Credit:Thai News Pix’s Fb page

Lisa ကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ သူမဆောင်းခဲ့တဲ့ ဒေါ့ချာဒါးနဲ့ ပုံစုံတူတွေကို အမြတ်တနိုးနဲ့ ဝယ်ယူနေကြတာပဲဖြစ်ပါတယ်။ပထမဆုံးထွက်ရှိလာတဲ့Lisa ရဲ့"LALISA" MV ကလည်း YouTube မှာ ကြည့်ရှုသူအများဆုံးစံချိန်တင်ခဲ့တာဖြစ်ပါတယ်။ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားတဲ့ Lisa လေးကတော့ သူမရဲ့ဇာတိမြေဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ရိုးရာအငွေ့အသက်တွေကို ကမ္ဘာကသိအောင် တစ်စိတ်တစ်ပိုင်းချပြနိုင်ခဲ့တာကြောင့် ထိုင်းလူမျိုးတွေကလည်း ဂုဏ်ယူနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Thai News Pix’s Fb page
Photo Credit:Thai News Pix’s Fb page
Photo Credit:Thai News Pix’s Fb page
Photo Credit:Thai News Pix’s Fb page
Photo Credit:Thai News Pix’s Fb page
Photo Credit:Thai News Pix’s Fb page
Photo Credit:Thai News Pix’s Fb page
Photo Credit:Thai News Pix’s Fb page

Source&Photo Credit:Thai News Pix’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T