ဖိနပ်တောင်မရှိဘဲ ပင်ပင်ပန်းပန်းလေ့ကျင့်နေကြတဲ့ CDF-Mara တပ်ဖွဲ့ထံကို မြန်မာငွေ (၅၅)သိန်းကျော်လှူဒါန်းလိုက်တဲ့ အဆိုတော်ဒေးဗစ်လိုင်

//s9.kh1.co/01/01eae05b3933d124b8bfb3e5384bec7e7a453a80.jpg
အနုပညာရှင်များ

 ၁၂-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ဖိနပ်တောင်မရှိဘဲ ပင်ပင်ပန်းပန်းလေ့ကျင့်နေကြတဲ့ CDF-Mara တပ်ဖွဲ့ထံကို မြန်မာငွေ (၅၅)သိန်းကျော်လှူဒါန်းလိုက်တဲ့ အဆိုတော်ဒေးဗစ်လိုင်

တောတောင်တွေထဲမှာ ပင်ပင်ပန်းပန်းနဲ့ စစ်ရေးလေ့ကျင့်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အခက်အခဲတွေမျိုးစုံကို ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အဆိုတော်ဒေးဗစ်လိုင်တစ်ယောက် တောတောင်တွေထဲမှာ ပြင်းပြင်းထန်ထန် စစ်ရေးလေ့ကျင့်နေကြတဲ့ CDF-Mara တပ်ဖွဲ့ဆီကို ရောက်ရှိသွားခဲ့ပါတယ်။ CDF-Mara တပ်ဖွဲ့ဝင်တွေဟာ ဖိနပ်တောင်မရှိဘဲ ပင်ပင်ပန်းပန်းနဲ့ တစ်လလုံး လေ့ကျင့်နေကြရတာ ဖြစ်ပါတယ် ။

Photo Credit : David Lai ' s Facebook Page
Photo Credit : David Lai ' s Facebook Page
Photo Credit : David Lai ' s Facebook Page
Photo Credit : David Lai ' s Facebook Page

CDF-Mara တပ်ဖွဲ့ဟာ နေရာထိုင်ခင်းနဲ့ အစားအသောက် လိုအပ်ချက်တွေ အများကြီးရှိနေတာဖြစ်ပြီး အဆိုတော်ဒေးဗစ်လိုင်က အဆိုပါလိုအပ်ချက်ကို ဖြည့်စည်းပေးဖို့ သူတတ်နိုင်သလောက် ကူညီပေးနေခဲ့ပါတယ်။ ယခုမှာတော့ အဆိုတော်ဒေးဗစ်လိုင်တစ်ယောက် CDF-Mara တပ်ဖွဲ့ထံကို ရူပီးငွေ ၂၅၁,၀၀၀ ( မြန်မာငွေ ၅၅သိန်းကျော်)ကို လှူဒါန်းလိုက်ပါတယ်။ အဆိုတော်ဒေးဗစ်လိုင်ကတော့ အဆိုပါလှူဒါန်းမှုကို ပြုလုပ်ခဲ့တဲ့အပြင် အခက်အခဲတွေရင်ဆိုင်နေရတဲ့ CDF-Mara တပ်ဖွဲ့ကိုယ်စား အလှူငွေတွေကို ကိုယ်စား ကောက်ခံပေးနေခဲ့ပါတယ်။

Photo Credit : David Lai ' s Facebook Page
Photo Credit : David Lai ' s Facebook Page
Photo Credit : David Lai ' s Facebook Page
Photo Credit : David Lai ' s Facebook Page

CDF-Mara တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းကလူတွေဟာ လာလေ့ကျင့်ကြမယ့် နောက်သင်တန်းသားတွေ စားသောက်ဖို့အတွက် စားစရာတွေ မရှိတော့တာကြောင့် ခေါင်းခဲနေရပြီး အဆိုပါအခက်အခဲပြေလည်ဖို့အတွက် ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် လှူဒါန်းပေးကြဖို့ အဆိုတော်ဒေးဗစ်လိုင်က တိုက်တွန်းပြောဆိုထားပါတယ်။ အဆိုတော်ဒေးဗစ်လိုင်ကတော့ မိမိဒေသကိုကာကွယ်ဖို့၊ အာဏာရှင်ကိုတိုက်ထုတ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် တော်လှန်ရေးလုပ်နေကြတဲ့ ညီအစ်ကိုတွေကို သူတို့နဲ့ထိုက်တန်တဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ပေးကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

Source : David Lai ' s Facebook Page

Photo Credit : David Lai ' s Facebook Page
Photo Credit : David Lai ' s Facebook Page
Photo Credit : David Lai ' s Facebook Page
Photo Credit : David Lai ' s Facebook Page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T