တစ်ဦးချင်းကူညီရာကနေ လိုအပ်နေသူတိုင်းကိုကူညီနိုင်ရန် ခြေတုလက်တုစက်ရုံဆောက်ဖို့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/4e/4ebe9d4b19c4a880a72fd5e9a78166fc242804f4.png
အနုပညာရှင်များ

 ၁၂-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ခြေတုလိုအပ်သူတွေကို မကြာခဏဆိုသလို ခြေတုလေးတွေလှူဒါန်းပေးခဲ့တဲ့ ကလေးတို့မေမေ ခိုင်နှင်းဝေ ဟာ ဒီနေ့မှာတော့ ခြေတု လက်တုတွေထုတ်လုပ်ပေးမယ့် စက်ရုံကြီးတည်ဆောက်ဖို့ပါ စာချုပ်ချုပ်ဆို လိုက်ပြီဖြစ်ပါတယ်။ တစ်စကနေ အများကြီးဖြစ်လာအောင် စွမ်းဆောင်နိုင်တဲ့ ခွန်အားနဲ့ ကူညီချင်စိတ်ရှိတဲ့ စိတ်ထားလေးကတော့လေးစားစရာပါပဲ။ ခြေတုလက်တုစက်ရုံအပြင် ပရဟိတလုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့ အတွက် အဆောက်အဦးတစ်ခုကို တောင်ဒဂုံမြို့နယ်မှာ ဆောက်လုပ်ဖို့ စာချုပ်ချုပ်ဆိုခဲ့တာပဲဖြစ်ပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သူမဟာ အများကောင်းကျိုးဆောင်ရွက်နေတာဖြစ်လို့ ဆောက်လုပ်ပေးမယ့် လုပ်ငန်းရှင်ဟာလည်း အကျိုးအမြတ်ကို လိုတာထက်ပိုပြီးလျော့ချပေးကာ သူမရဲ့စေတနာတွေကို ပံ့ပိုးပေးခဲ့ပါတယ်။ ကောင်းတာလုပ်ရင် ကောင်းကျိုးဖြစ်လာတယ်ဆိုတဲ့စကားအတိုင်း အများအတွက် ကူညီပေးလိုစိတ်ရှိသူ ဖြစ်တာကြောင့် သူမအပေါ်မှာလည်း စေတနာထားသူတွေ ပိုပြီးများလာခဲ့တာပါ။ ရင်ခွင်မဲ့ကလေးငယ်တိုင်း ကို လက်လှမ်းမီသလောက်ကူညီပေးခဲ့ပြီး ကလေးတို့ရဲ့မေမေအဖြစ်နဲ့ သူမရဲ့ဘဝအချိန်တွေကို ပျော်ပျော်ကြီးဖြတ်သန်းနေခဲ့ပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

စိတ်ထားလှသူဖြစ်တာကြောင့် သူမကိုချစ်ခင်သူတွေပေါများပြီး သူမရဲ့လုပ်ရပ်နဲ့ သဒ္ဓါတရားကို လက်တွေ့မြင်ရတဲ့ ပြည်သူတွေဟာ သူမကိုပိုမိုလှူဒါန်းပေးခဲ့ကြပြီး သူမကိုယ်တိုင်ကလည်း လိုအပ်တဲ့ နေရာဆီကို အရောက်သွားပြီး အလှူရှင်တွေရဲ့မေတ္တာငွေကြေးတွေကို အကျိုးရှိအောင်ထောက်ပံ့ပေးခဲ့ပါ တယ်။ တနယ်တကျေးကနေ သူမဆီအရောက်လာပြီး ခြေတု လက်တုအကူအညီတောင်းသူတွေအပြင် နောက်ထပ်လူတွေအများကြီးလည်းထပ်မံလှူဒါန်းနိုင်အောင် ခြေတု လက်တု စက်ရုံကြီးအထိပါ တည်ဆောက်ခဲ့တဲ့ မေမေခိုင်ရဲ့စေတနာကတော့ အံ့မခန်းပါပဲ။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သတင်း အရင်းအမြစ်Khine Hnin Wai's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T