အမည်မသိ လက်နက်ကိုင်လူတစ်စုရဲ့ ဝင်ရောက်မီးရှို့ဖျက်စီးမှုကြောင့် နေအိမ်တချို့ ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းခဲ့ရတဲ့ ကျောက်ပြုတ်ကျေးရွာက ရုပ်သံဖိုင်

//s9.kh1.co/b6/b6ce0b57fb2dca298eb4ae6fede608f5c80f94a6.jpg
နေ့စဉ်သတင်းများ

 ၁၂-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ယခုနှစ်အတွင်း နိုင်ငံရေးမတည်ငြိမ်တဲ့အချိန် မြို့နယ်တချို့တွေမှာ မီးလောင်မှုတွေကလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားလာတာကို စိတ်မကောင်းစွာ တွေ့လာရပါတယ်။ မီးလောင်မှုတွေမှာ လူနေအိမ် အများအပြားလည်း ပါဝင်သလို အများပြည်သူတွေအသုံးပြုတဲ့ စျေးများလည်း ပိုမိုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တချို့ မီးလောင်မှုတွေမှာ လူသေဆုံးခဲ့ရတဲ့အထိ ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာ တွေ့ရပါတယ်။

Photo Credit - Wai C La
Photo Credit - Wai C La
Photo Credit - Wai C La
Photo Credit - Wai C La
Photo Credit - Wai C La
Photo Credit - Wai C La

ဒီလိုမီးလောင်မှုတွေကြောင့် ခက်ခက်ခဲခဲ ရှာဖွေစုဆောင်းထားတဲ့ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ် အများအပြားဟာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ယခုမှာဆိုရင်လည်း ဆိုးဆိုးဝါးဝါးမီးလောင်ကျွမ်းခဲ့တဲ့ စိတ်မကောင်းစရာ ရုပ်သံဖိုင် တစ်ခုဟာ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီရုပ်သံဖိုင်ဟာ စစ်ကိုင်းတိုင်း၊ကလေးမြို့၊ ကျောက်ပြုတ်ကျေးရွာက ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

Photo Credit - Wai C La
Photo Credit - Wai C La
Photo Credit - Wai C La
Photo Credit - Wai C La

စက်တင်ဘာလ (၁၁)ရက်နေ့ ည (၁၀)နာရီခွဲလောက်မှာ ကျောက်ပြုတ်ကျေးရွာအတွင်းသို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်စီးသွားတာလို့ သိရပါတယ်။ အဆိုပါ မီးရှို့မှုကြောင့် နေအိမ်တော်တော်များများ မီးလောင်ကျွမ်းခဲ့တယ်လို့လည်း ဆိုထားပါတယ်။ ဒီရုပ်သံဖိုင်ကို ဒေသခံပြည်သူတစ်ဦးက မှတ်တမ်းတင် ရိုက်ကူးခဲ့တာ ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တဲ့ မြင်ကွင်းတွေကတော့ တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒီရုပ်သံဖိုင်လေးကို ပရိသတ်တွေလည်း ပြန်လည်ကြည့်ရှုလို့ ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Wai C La

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T