လယ်ထဲသွားနေတဲ့အချိန် နေအိမ်မီးလောင်ပြီး ငွေသားသိန်း(၂၀၀)ခန့် ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတစ်ဦးရဲ့ စိတ်မကောင်းစရာဖြစ်ရပ်

//s9.kh1.co/cd/cd90124e6714c9f9460ffb845b08307736df096e.jpeg
နေ့စဉ်သတင်းများ

 ၁၁-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့ရှိ ကတ်ဖွီးကျေးရွာအုပ်စု၊ နားပုံကျေးရွာမှာ နေအိမ်တစ််အိမ် မီးလောင်ရာ ငွေသားသိန်း (၂၀၀) ခန့် ဆုံးရှုံးသွားခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ(၁၀)ရက်နေ့ နေ့လည် (၂)နာရီဝန်းကျင် အချိန်လောက်က အိမ်ရှင်များ လယ်ယာသွားနေတဲ့အချိန် နေအိမ်မီးလောင်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

မီးလောင်မှုကြောင့် အိမ်ထဲက ရှိသမျှပစ္စည်းတွေအားလုံးနဲ့ ငွေသားကျပ်သိန်း(၂၀၀) လောက်ပါသွားတဲ့အပြင် ရွှေတွေနဲ့လက်ဝတ်လက်စားတွေလည်း ပါသွားတယ်လို့ သိရပါတယ်။ နေအိမ်အတွင်းရှိ ပစ္စည်းများအားလုံးနီးပါး မီးလောင်သွားပြီး စပါးကျီ ထားသည့်နေရာနဲ့ မီးဖိုချောင်တော့ မီးမလောင်ခဲ့ဘူးလို့ သိရပြီး မီးလောင်တဲ့ အကြောင်းအရင်းကိုတော့ လက်ရှိအချိန်ထိ အတည်မပြုရသေးပါဘူး။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

မီးကတော့ ကောက်ရိုးကနေ စလောင်တာလို့ပြောကြပေမယ့် ဘယ်လိုစလောင်လဲဆိုတာတော့ မသိဘူးဆိုပြီး နီးစပ်သူတစ်ဦးကလည်း ပြောပြလာပါတယ်။ မီးငြိမ်းသတ်ဖို့အတွက် ရေလည်းနည်းသလို မီးသတ်ကားကလည်း လာတာကြာနေတာကြောင့် အိမ်နဲ့ ကောက်ရိုးထားတဲ့နေရာတွေ လောင်ကျွမ်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T