အေးတဲ့ဖျော်ရည် မသောက်ဖူးတာကြောင့် အအေးဘူးကို ပါးမှာကပ်ကြည့်ပြီး အရမ်းပျော်နေကြတဲ့ စစ်ဘေးရှောင်ကလေးတွေရဲ့ချစ်စရာပုံရိပ်များ

//s9.kh1.co/73/73e9d1257206e461abacdf39fd1461b9be5864dc.jpg
နေ့စဉ်သတင်းများ

 ၁၁-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အေးတဲ့ဖျော်ရည် မသောက်ဖူးတာကြောင့် အအေးဘူးကို ပါးမှာကပ်ကြည့်ပြီး အရမ်းပျော်နေကြတဲ့ စစ်ဘေးရှောင်ကလေးတွေရဲ့ချစ်စရာပုံရိပ်များ

မငြိမ်မသက်ဖြစ်လာတဲ့ လက်ရှိအခြေအနေမှာ ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် အနယ်နယ်အရပ်ရပ်က ပြည်သူပေါင်းများစွာ စစ်ဘေးရှောင်နေရဆဲ ဖြစ်ပါတယ် ။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ချင်းပြည်နယ်တွေမှာ စစ်ဘေးရှောင်ပြည်သူတွေ အများအပြားရှိသလို တစ်ချို့ဒေသမှာတွေမှာ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံလိုက်ရလို့ နေစရာအိမ်မရှိတော့တဲ့ ပြည်သူတွေလည်း ရှိနေပြန်တာ ဖြစ်ပါတယ် ။ ဒါ့အပြင် တစ်ချို့ပြည်သူတွေဆိုရင် အခုချိန်အထိ စစ်ဘေးရှောင်စခန်းမှာပဲ နေနေရပြီး ဘဝကို အားတင်းရှင်သန်နေရတာ ဖြစ်ပါတယ် ။

Photo Credit-"Clean Yangon" FB Page
Photo Credit-"Clean Yangon" FB Page
Photo Credit-"Clean Yangon" FB Page
Photo Credit-"Clean Yangon" FB Page

စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ လူငယ်တွေအပြင် အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ် ။ ဒါကြောင့် စေတနာရှင်ပြည်သူတွေက စစ်ဘေးရှောင်တွေရှိရာ ဒေသကိုသွားရောက်ပြီး လိုအပ်တဲ့အကူအညီတွေ ပေးနေတာလည်း ဖြစ်ပါတယ် ။ အခုလည်း စစ်ရှောင်ပြည်သူတွေကိုကူညီနေတဲ့ Clean Yangon အဖွဲ့က စစ်ဘေးရှောင်စခန်းကလေးတွေရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်တွေကို မျှဝေခဲ့ပါတယ်။

Photo Credit-"Clean Yangon" FB Page
Photo Credit-"Clean Yangon" FB Page
Photo Credit-"Clean Yangon" FB Page
Photo Credit-"Clean Yangon" FB Page
Photo Credit-"Clean Yangon" FB Page
Photo Credit-"Clean Yangon" FB Page

အေးတဲ့ဖျော်ရည်မသောက်ဖူးတဲ့ ကလေးတွေကို အအေးဘူးတွေဝေပေးလိုက်တဲ့အခါမှာတော့ ကလေးတွေက "အေးတယ် အေးတယ်" ဆိုပြီး အရမ်းပျော်နေကြတာ ဖြစ်ပါတယ် ။ ကလေးတွေက အအေးဘူးတွေကို ပါးမှာကိုယ်စီကပ်ကြည့်ပြီး အခုမှကြုံဖူးတဲ့အတွေ့အကြုံကို ခံစားကြည့်ရင်း ပြုံးရွှင်ရယ်မောနေကြတာ ဖြစ်ပါတယ် ။ အေးတဲ့ဖျော်ရည်မသောက်ဖူးတာကြောင့် အအေးလာတိုက်တဲ့အချိန်မှာ ပျော်နေကြတဲ့ စစ်ရှောင်ကလေးငယ်တွေရဲ့အပြစ်ကင်းစင်တဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Source & Photo Credit-"Clean Yangon" FB Page

Photo Credit-"Clean Yangon" FB Page
Photo Credit-"Clean Yangon" FB Page
Photo Credit-"Clean Yangon" FB Page
Photo Credit-"Clean Yangon" FB Page
Photo Credit-"Clean Yangon" FB Page
Photo Credit-"Clean Yangon" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T