ကိုရီးယားနိုင်ငံရဲ့မင်းသမီးချောလေးတစ်လက်ဖြစ်တဲ့ Kim So Hyun ကတော့ အသက် (၇)နှစ်အရွယ်ကတည်းကဇာတ်ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ Kim So Hyun က အခုဆိုရင် အသက် (၂၂)အရွယ်သာရှိသေးပေမယ့် ကိုရီးယားအနုပညာလောကမှာ အောင်မြင်နေပြီဖြစ်ပါတယ်။ဒါ့အပြင် သူမရဲ့အလှအပနဲ့အရပ်အမောင်းတွေကလည်း မြင်သူတကာငေးရလောက်ပြီး ဖက်ရှင်ဒီဇိုင်းတွေကအစမိမိုက်နေတာပဲဖြစ်ပါတယ်။
Kim So Hyun ကတော့ နာမည်ကြီး Drama တွေဖြစ်တဲ့ Moon Emabracing The Sun၊Missing You စတာတွေမှာကလေးသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တာဖြစ်ပါတယ်။So Hyun ကို Nation’s Little Sister လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။Who Are You:School 2015 ဆိုတဲ့ဇာတ်ကားမှာ သူမက ခေါင်းဆောင်မင်းသမီးအနေနဲ့ ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။So Hyun ရဲ့ နာမည်ကြီး Drama တွေကတော့ Hey Ghost:Let’s Fight ၊ The Emperor: Owner of the Mask ၊Radio Romance နဲ့ Love Alarm တို့ပဲဖြစ်ပါတယ်။
မနေ့ကဆိုရင်တော့ 48th Korea Brodcasting Awards 2021 ပွဲမှာ Kim So Hyun က သူမပါဝင်သရုပ်ဆောင်ထားတဲ့ River of the Rising Moon ဆိုတဲ့ Drama နဲ့ Popularity and Best Actress Award ကိုရရှိခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်"River of the Rising Moon " Drama ကလည်း အကောင်းဆုံး Drama ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။မြန်မာပရိသတ်တွေကပါ အသည်းစွဲချစ်နေရတဲ့ မင်းသမီးချောလေး Kim So Hyun အတွက် ဝမ်းသာဂုဏ်ယူမိတာကြောင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit:Koreaboo Kim So Hyun’s Fb page