ထိုင်းမလေး Lisa ရဲ့MV ကိုကြည့်ပြီး ဝမ်းသာဂုဏ်ယူနေကြတဲ့အပြင် အပြတ်အသတ် ဝန်းရံအားပေးခဲ့ကြတဲ့ ထိုင်းနိုင်ငံက မင်းသမီးချောလေးများ

//s9.kh1.co/f6/f626e442d3a2d770329510aa6c5bf39a0fe94d39.jpg
အနုပညာရှင်များ

 ၁၁-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ထိုင်းမလေး Lisa ရဲ့MV ကိုကြည့်ပြီး ဝမ်းသာဂုဏ်ယူနေကြတဲ့အပြင် အပြတ်အသတ် ဝန်းရံအားပေးခဲ့ကြတဲ့ ထိုင်းနိုင်ငံက မင်းသမီးချောလေးများ

BlackPink အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lisa ရဲ့ "LALISA" ဆိုတဲ့ Music Video ကတော့ ပြီးခဲ့တဲ့စက်တင်ဘာလ (၁၀) ရက်နေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ် ။ Lisa ရဲ့MV က ထွက်ရှိပြီးမကြာခင် နာရီပိုင်းအတွင်းမှာပဲ ဝက်ဝက်ကွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ ဒီ MV မှာတော့ ထိုင်းမလေး Lisa က သူမရဲ့အဆိုပညာ၊အကပညာတွေကို အစွမ်းကုန်ပြသခဲ့တဲ့အပြင် ထိုင်းရိုးရာဝတ်စုံကို ပြန်လည်ဆန်းသစ်ထားတဲ့ Outfit လေးနဲ့ အားလုံးရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါသေးတယ်။

Photo Credit-JiSoo's IG Acc
Photo Credit-JiSoo's IG Acc
Photo Credit-JiSoo's IG Acc
Photo Credit-JiSoo's IG Acc
Photo Credit-Lisa's Ig Acc
Photo Credit-Lisa's Ig Acc

ဒါကြောင့် Lisa ရဲ့သီချင်းဗီဒီယိုက ကြည့်ရှုသူသန်းချီအောင် ရရှိခဲ့တဲ့အပြင် သူမရဲ့မွေးရပ်မြေဖြစ်တဲ့ ထိုင်းနိုင်ငံမှာပါ အကြီးအကျယ် အောင်မြင်နေတာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံက နာမည်ကြီးမင်းသမီးလေးတွေကအစ Lisa ရဲ့ MV ကိုကြိုက်နှစ်သက်ကြပြီး အပြတ်သတ် ဝန်းရံအားပေးနေကြတာ တွေ့ရပါတယ်။ ထိုင်းမင်းသမီးလေးတွေက သူမတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေကနေ Lisa အတွက် ဂုဏ်ယူဝမ်းသာကြောင်း ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-mewnittha's ig acc
Photo Credit-mewnittha's ig acc
Photo Credit-nowtisanart's ig acc
Photo Credit-nowtisanart's ig acc
Photo Credit-minpechaya's ig acc
Photo Credit-minpechaya's ig acc

ထိုင်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ Taew Nataphon ကလည်း Lisa ရဲ့သီချင်းလေးနဲ့ကပြထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို သူမရဲ့IG မှာ မျှဝေခဲ့ပါသေးတယ်။ မင်းသမီး Minpechaya ကလည်း Lisa ရဲ့ပုံတွေကို မျှဝေခဲ့တဲ့အပြင် Lisa ရဲ့ပုံနေရာမှာ သူမရဲ့ဓာတ်ပုံကို Photoshop နဲ့ထည့်သွင်းဖော်ပြပြီး "So proud of you Lisa" လို့ရေးသားခဲ့ပါသေးတယ်။ ထိုင်းမလေး Lisa အတွက် အားပေးဝန်းရံနေတဲ့ ထိုင်းမင်းသမီးချောလေးတွေရဲ့ပုံတွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Thai Actresses' IG Acc

Photo Credit-taewqew_nataphon's ig acc
Photo Credit-taewqew_nataphon's ig acc
Photo Credit-minpechaya's ig acc
Photo Credit-minpechaya's ig acc
Photo Credit-bellacampen's ig acc
Photo Credit-bellacampen's ig acc
Photo Credit-pimprapa.t's ig acc
Photo Credit-pimprapa.t's ig acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T