တောင်တန်းဒေသက စစ်ရှောင်ကလေးငယ်များအတွက် မိုးတွင်းကာလမှာ အလိုအပ်ဆုံး အရာတွေကို လှူဒါန်းပေးခဲ့တဲ့ စေတနာရှင် ပြည်သူများ

//s9.kh1.co/3c/3cf76c46576df717f4418d034034d17e3bd7e6ab.jpeg
နေ့စဉ်သတင်းများ

 ၁၁-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

......

ခုအချိန်အခါက မိုးရာသီလည်းဖြစ်လို့ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေအဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရမှာ အမှန်ပါပဲ ။ အိမ်ထဲမှာနေရသူတွေတောင် မိုးတွင်းဆို ကြမ်းတမ်းလွန်းတဲ့ လေမုန်တိုင်းဒဏ်တွေကြောင့် ထိတ်လန့်စွာ နေထိုင်ကြရတာ တောတောင်ထဲမှာ အမိုအကာ မလုံခြုံဘဲ မြေပြင်ပေါ်မှာပဲ အဆင်ပြေသလို ခင်းအိပ်နေရတဲ့ စစ်ဘေးရှောင်တွေဆို ဘယ်လိုတောင် ဖြတ်သန်း နေကြ ရမလည်းဆိုပြီး သူတို့ ဘဝတွေကို ကိုယ်ချင်းစာနာမိတာ အမှန်ပါပဲ ။

Photo Credit : Clean Yangon Facebook Page 
Photo Credit : Clean Yangon Facebook Page 
Photo Credit : Clean Yangon Facebook Page 
Photo Credit : Clean Yangon Facebook Page 

ဒါ့ကြောင့်လည်း စေတနာအလှူရှင်တွေ စုပေါင်းပြီး မိုးရာသီမှာ လိုအပ်တဲ့ အမိုးအကာများ ၊ အဝတ်အထည်များနဲ့ ဆေးဝါးများကို ဝိုင်းဝန်း လှူဒါန်းပြီး စစ်ဘေးရှောင် စခန်းတွေဆီ အရောက်ပို့ပေးခဲ့ကြတာပါ ။ စစ်ဘေးရှောင် ပြည်သူတွေ အနေနဲ့လည်း အလှူရှင်တွေ လှူဒါန်းပေးလိုက်တဲ့ ပစ္စည်းတွေ ရရင် ပြုံးပျော် ပီတိ ဖြစ်နေကြတာကို အလှူပို့စ်လေးတွေတိုင်းမှာ တွေ့မြင်ရတာ တကယ်ကို ကြည်နူးစရာပါနော်။

Photo Credit : Clean Yangon Facebook Page 
Photo Credit : Clean Yangon Facebook Page 
Photo Credit : Clean Yangon Facebook Page 
Photo Credit : Clean Yangon Facebook Page 

အခုလည်း စေတနာရှင် ပြည်သူတွေက စစ်ဘေးရှောင် ကလေးငယ်လေးတွေအတွက် မိုးတွင်းမှာ နွေးနွေးထွေးထွေးရှိစေရန် ရည်ရွယ်ပြီး အနွေးထည် နဲ့ ဖိနပ် များစွာ လှူဒါန်းပေးနေတဲ့ ပုံလေးတွေကို တွေ့ရပါတယ် ။ အင်္ကျီလေးတွေ ရလို့ ကြိုက်ရာ ရွေးနေကြတဲ့ ကလေးငယ်လေးတွေရဲ့ ပုံရိပ်လေးတွေက တကယ်ကို ချစ်စရာပါပဲ  ။ ပရိသတ်ကြီးလည်း စစ်ဘေးရှောင် ကလေးငယ်လေးတွေရဲ့ အနွေးထည်လေးတွေ ရလို့ ပျော်နေကြတဲ့ ပုံရိပ်လေးတွေ ကို ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Clean Yangon Facebook Page 
Photo Credit : Clean Yangon Facebook Page 
Source & Photo Credit : Clean Yangon Facebook Page 
Source & Photo Credit : Clean Yangon Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T