တစ်မိသားစုလုံး ပင်ပင်ပန်းပန်းရှာဖွေပြီး တည်ဆောက်ထားတဲ့ အိမ်လေး မီးရှို့ဖျက်ဆီးခံလိုက်ရတာကြောင့် ရင်ကွဲမတတ် ခံစားနေရရှာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/e7/e7ce5cb38b939f8bda5acc44a9d7d9946d279c69.jpeg
နေ့စဉ်သတင်းများ

 ၁၁-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.....

နေရာအချို့မှာတော့ မတည်ငြိမ်နိုင်သေးဘဲ တိုက်ပွဲတွေ ဖြစ်ပေါ်နေဆဲပါ ။  ဂန့်ဂေါနယ် နှမ်းခါးရွာမှာဆိုရင်လည်း ဒေသခံတွေရဲ့ နေအိမ်တွေကို အာဏာရှင် လူတစ်စု ဘက်က မီးရှို့ ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းတွေကို တွေ့ရပါတယ် ။ နေအိမ် (၃၀) လောက်ပြာကျ ပျက်စီး ခဲ့ရသလို အသက်ပေးသွားကြရတဲ့ လူငယ်တွေလည်း များစွာရှိခဲ့တာကိုတွေ့ရပါတယ် ။ 

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ပြည်သူ့ကာကွယ်ရေးတပ်တွေ အနေနဲ့လည်း ရရာလက်နက် ဆွဲကိုင်ကာ အစွမ်းကုန် ခုခံ တော်လှန်နေကြပေမယ့် လက်နက်အင်အား မမျှတ တာကြောင့် ခုဆိုရင် ပြည်သူတွေရဲ့ စည်းစိမ် ဥစ္စာတွေအထိပါ ဖျက်ဆီးခံနေရတာဖြစ်ပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေ ရဲ့ အိုးအိမ်စည်းစိမ်တွေ များစွာပျက်ဆီး ဆုံးရှုံးနေရတာကြည့်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

အခုလည်း တစ်မိသားစုလုံး ပင်ပင်ပန်းပန်း ကြိုးစားပြီး ချွေးနှဲစာလေးနဲ့ ရှာဖွေ တည်ဆောက်ထားတဲ့ အိမ်လေး မီးရှို့တဲ့ အထဲပါသွားတာကြောင့် ကြေကွဲဝမ်းနည်းနေတဲ့ ပြည်သူတစ်ဦးရဲ့ ပို့စ်တစ်ခုတွေ့ရပါတယ် ။ အိမ်လေးဆောက်ပြီးတာ မကြာသေးဘဲ ဖျက်ဆီးခံလိုက်ရတဲ့ အကြောင်းကိုလည်း " လုပ်ရက်ကျတယ်နော် ပြန်မရနိုင်တော့တဲ့ အိမ်လေး ဒီအိမ်တစ်လုံးဖြစ်လာဖို့တစ်မိသားစုလုံးလူပင်ပန်းစိတ်ပင်ပန်း ကိုယ့်မိသားစုချွေးနဲစာလေးနဲ့ကြိုးစားပီးဆောက်ထားတာလေ အိမ်ဆောက်ပီးတာမှမကြာသေးဘူး မိသားစုစုံစုံလင်လင်နဲ့တောင်မနေရသေးဘူးလေ မောင်လေးဆိုအဝေးရောက်နေလို့ အိမ်ကိုတောင်ဓါတ်ပုံထဲမှပဲတွေ့ဖူးသေးတာလေတောထဲကို စစ်ဘေးရှောင်သွားနေရတဲ့မေမေကမီးဖိုချောင်လေးမီးမကူးရအောင်လို့တဲ့အဝေးကြီးကနေတစ်ယောက်ထဲပြန်လာပီးမီးငြိမ်းနေတာတဲ့ ရင်တေနာလိုက်တာ ငါတို့က ဘာမှားနေလို့လဲ ဝဋ်ကျွေးတွေဆိုလဲကျေပါတော့" ရေးသားဖော်ပြထားရာ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးရင်း အားလုံးဘေးကင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T