တစ်အိမ်လုံးနီးပါးပြာကျသွားခဲ့တဲ့အပြင် လုပ်ကိုင်စားသောက်နေတဲ့စက်တဲနဲ့ စပါးကျီကိုပါ မီးရှို့သွားလို့ နာကျင်ကြေကွဲပြီးငိုယိုနေတဲ့ ပြည်သူတစ်ဦးရဲ့ဗီဒီယို

//s9.kh1.co/af/af8fde706242a39910b952a190f5119e5eaef08f.jpeg
နေ့စဉ်သတင်းများ

 ၁၁-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

တစ်အိမ်လုံးနီးပါးပြာကျသွားခဲ့တဲ့အပြင် လုပ်ကိုင်စားသောက်နေတဲ့စက်တဲနဲ့ စပါးကျီကိုပါ မီးရှို့သွားလို့ နာကျင်ကြေကွဲပြီးငိုယိုနေတဲ့ ပြည်သူတစ်ဦးရဲ့ဗီဒီယို

ကိုဗစ်တတိယလှိုင်းမှာ ရောဂါကူးစက်မှုနှုန်း တဖြည်းဖြည်းလျော့ကျသွားပေမယ့် တချို့နေရာတွေမှာ တိုက်ပွဲတွေဖြစ်ပွါးနေတာဖြစ်ပါတယ်။ပြည်သူလူထုလည်း မတည်ငြိမ်သေးတဲ့နိုင်ငံရေးအခြေအနေမှာ စီးပွါးရေးကြပ်တည်းတဲ့အပြင် အသက်၊အိုးအိမ်၊စည်းစိမ်တွေကိုပါ ကာကွယ်နေရတာပဲဖြစ်ပါတယ်။စက်တင်ဘာလ(၉)ရက်နေ့မှာတော့ဂန့်ဂေါမြို့နယ်မှာ လူနေအိမ်တွေကိုမီးရှို့မှုတွေဖြစ်ပွါးခဲ့တာကြောင့် ဒေသခံပြည်သူတွေလည်း နစ်နာဆုံးရှုံးခဲ့ရပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

စက်တင်ဘာလ (၁၀)ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ်၊နှမ်းခါးရွာမှာ အိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တဲ့သတင်းတွေ လူမှုကွန်ယက်စာမျက်နှာပေါ်မှာတက်လာခဲ့ပါတယ်။ပြည်သူတစ်ဦးဆိုရင် စက်တင်ဘာလ (၉)ရက်နေ့က သူ့ရဲ့အိမ်မီးရှို့ခံလိုက်ရလို့ နာကျင်ကြေကွဲနေတာပဲဖြစ်ပါတယ်။အဲ့ဒီနေ့ကဆိုရင် ဂန့်ဂေါမြို့နယ်မှာ ကလေးတွေ၊သက်ကြီးရွယ်အိုတွေနဲ့ ပြည်သူတွေ သတ်ဖြတ်ခံရတဲ့အပြင် နေအိမ် (၆၀)နီးပါးခန့် မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

အဲ့ဒီပြည်သူရဲ့အိမ်ဆိုလည်း ရစရာမရှိလောက်အောင် တစ်အိမ်လုံးနီးပါး ပြာကျသွားရတဲ့အပြင် လုပ်ကိုင်စားသောက်နေတဲ့စက်တဲကိုပါ မီးရှို့သွားတာဖြစ်ပါတယ်။ဒါ့အပြင် စပါးကျီကိုလည်း မီးရှို့ပြီး ဆန်တွေကိုလည်းစားသုံးလို့မရအောင် ဖျက်ဆီးသွားတာဖြစ်ပါတယ်။အိမ်ပိုင်ရှင်တွေလည်း သူတို့ရဲ့ပြာကျနေတဲ့ အိမ်ကိုကြည့်ပြီး ငိုယိုနေကြကာ ယူကြုံးမရဖြစ်နေတဲ့ ဝမ်းနည်းစရာဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T