တော်လှန်ရေးမှာအားတက်သရောအမြဲပါ၀င်နေတဲ့ ကရင်နီဘက်က စစ်ဘေးရှောင်စခန်းရှိကလေးငယ်များရဲ့ စာသင်ကြားနေမှုပုံရိပ်များ

//s9.kh1.co/79/79ca477e847a4aef0645b7cd2916208d6295c830.jpg
နေ့စဉ်သတင်းများ

 ၁၁-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

တစ်ဆထက်တစ်ဆ ဆိုးရွားလာတဲ့ လက်ရှိအခြေနေတွေကြောင့် တောင်တန်းဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေသလို ရန်ကုန်အပါအဝင်အခြားမြို့နယ်တွေမှာလည်း အကြမ်းဖက်မှုတွေတိုးပွားလာတာ တွေ့ရပါတယ်။ စစ်ရှောင်ဒေသတွေမှာ လည်း အစားအသောက်ချို့တဲ့မှု၊ ရေရှားပါးမှုတွေနဲ့ကြုံတွေ့နေရပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတော်များများလည်း စစ်ဘေးရှောင် စခန်းတွေမှာနေထိုင်နေရတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုလို အခက်အခဲဒုက္ခတွေနဲ့ကြုံတွေ့နေရတဲ့ စစ်ဘေးသင့်ကလေးငယ်လေးတွေကို ပညာသင်ကြားခွင့်ရရှိနိုင်ရန်အတွက် စေတနာရှင်လူငယ်လေးတွေဟာ လှူဒါန်းမှုတွေတတ်နိုင်သ၍ပြုလုပ်ပေးကြပြီး ကူညီပေးနေကြတာဖြစ်ပါတယ်။ အခုအခါမှာဆိုရင်လည်း ကရင်နီဘက်က ကလေးငယ်တွေ စစ်ရှောင်စခန်းမှာပညာသင်ကြားဖို့အဆင်ပြေရန်အတွက် လူငယ်လေးတွေစုပေါင်းပြီး လှူဒါန်းကူညီပေးနေကြတာလည်းတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

စစ်ဘေးရှောင်ပြည်သူတွေရဲ့ဘ၀ဟာလည်း အိုးအိမ်တွေကိုစွန့်ပစ်ကာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ရတာကြောင့် တကယ်လိုမလွယ်ကူတဲ့ အခြေအနေတွေပါ။ ကလေးငယ်လေးတွေခမျာလည်း ချို့ချို့တဲ့တဲ့နဲ့ ပညာသင်နေကြရပြီး ရောက်တဲ့နေရာကနေကြိုးစားနေကြတာကို တွေ့မြင်ရတာ တကယ်စိတ်မကောင်းစရာပါ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T