မသမာသူတွေ အဖွဲ့လိုက် စုပေါင်းကာ တစ်ညတည်း အိမ် (၇) အိမ်လောက်ကို ဖောက်ထွင်း ခဲ့ကြတဲ့ မန္တလေးမြို့က ထိတ်လန့်စရာ ဖြစ်ရပ်

//s9.kh1.co/ea/ea66dec3cc6c69f45e9c2c761db1a3ae6ff4af66.jpeg
နေ့စဉ်သတင်းများ

 ၁၁-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

....,

အခြေအနေအကြောင်းတရား မျိုးစုံကြောင့် ဒီလိုကာလတွေမှာ အလုပ်အကိုင်တွေလည်း ရှားပါးလို့ စားသောက်ဖို့ အတော်လေး ရုန်းကန်နေကြရသူတွေ ရှိပါတယ် ။ ရရာ အလုပ်ကို ရိုးရိုး သားသားလုပ်ရင်း မှန်ကန်စွာ ဖြတ်သန်းနေကြသူတွေ ရှိသလို မရိုးမသားနဲ့ ဒုစရိုက် အလုပ်တွေ ၊ မင်းမဲ့ဆန်ဆန်လုပ်ရပ်တွေနဲ့ ရှာဖွေ စားသောက်နေကြသူတွေလည်း မနည်းပါဘူး ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

မန္တလေးမြို့မှာဆိုရင်လည်း အိမ်ဖောက်ထွင်းမှုတွေ ၊ လုယက်မှုတွေ အတော်လေး ဖြစ်နေတဲ့ သတင်းတွေကို လူမှုကွန်ရက် စာမျက်နှာတွေ အထက်မှာတွေ့ရပါတယ် ။ စက်တင်ဘာလ (၈) ရက်နေ့ ညမှာဆိုရင်လည်း မန်းလေး ၆၃ ၆၄ ၃၇ ၃၈ကြားတွင် တစ်ညထဲကို အိမ် ခုနှစ်အိမ် လောက် အဖောက်ခံခဲ့ရတယ်လို့ ဒေသခံတွေကဆိုပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

လာရောက် ဖောက်ထွင်းသူတွေက လူအနည်းငယ် မဟုတ်ဘဲ အုပ်စုလိုက် (၁၃) ယောက်လောက်ရှိတယ်လို့ သိရပါတယ် ။ နှစ်တန်ကားတစ်စီးလည်း ပါပြီး လေအိုး မီးအိုးတွေနဲ့ ခြံတံခါးတွေ သော့တွေကို ဖျက်ဆီး ဖောက်ထွန်းခဲ့တယ်လို့ သိရပါတယ် ။ ဒီလို အခြေအနေတွေမှာ ပြည်သူတွေ အနေနဲ့ အရမ်းကို ဂရုစိုက်နေထိုင်သင့်ပါတယ် ။ ပရိသတ်ကြီးအတွက် မန္တလေးက ဖောက်ထွင်းခံရတဲ့ အိမ်တွေရဲ့ ပုံရိပ်တွေကိုဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T