ပုလဲမြို့နယ်တွင် ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကြတဲ့ PRA၊ ပုလဲ PDF နဲ့မြိုင် PDF တွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/21/219787cd28f8239d1c204e36403c0b09b519401d.jpg
နေ့စဉ်သတင်းများ

 ၁၁-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ပုလဲမြို့နယ်တွင် ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကြတဲ့ PRA၊ ပုလဲ PDF နဲ့မြိုင် PDF တွေရဲ့ဗီဒီယိုဖိုင်

ပြီးခဲ့တဲ့စက်တင်ဘာလ (၉)ရက်နေ့မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ နေ့လည် (၂)နာရီ (၁၀)မိနစ်အချိန်ကနေ ညနေ (၅)နာရီ(၃၀)အချိန်အထိ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ် ။ မြိုင်-ပုလဲနယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲမှာတော့ ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) ၊ ပုလဲ PDF နဲ့ မြိုင် PDF တို့က အတူတူပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-People Revolution Army's FB Page
Photo Credit-People Revolution Army's FB Page
Photo Credit-People Revolution Army's FB Page
Photo Credit-People Revolution Army's FB Page

PRA ၊ ပုလဲ PDF နဲ့ မြိုင် PDF တို့က စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။ ဒီတိုက်ပွဲမှာ PRA တို့ဘက်က လက်စွမ်းပြတိုက်ခိုက်မှုကြောင့် တစ်ဖက်အဖွဲ့ဘက်က တပ်သား(၇) ဦး ကျဆုံးပြီး (၁) ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း PRA က သတင်းထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ် ။PRA၊ ပုလဲ PDF နဲ့ မြိုင်PDF တို့ဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

Photo Credit-People Revolution Army's FB Page
Photo Credit-People Revolution Army's FB Page
Photo Credit-People Revolution Army's FB Page
Photo Credit-People Revolution Army's FB Page

ဒါပေမဲ့လည်း ဆိုင်ကယ်တစ်ချို့ ဖျက်ဆီးခံခဲ့ရကြောင်း မြိုင် PDF အဖွဲ့ဘက်က သတင်းထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ် ။ တစ်ချို့အကြောင်းအရာတွေကိုတော့ လုံခြုံရေးအရ ထုတ်ပြန်နိုင်ခြင်းမရှိတဲ့အပေါ် နားလည်ပေးရန် မြိုင် PDF ဘက်က တောင်းဆိုခဲ့ပါသေးတယ်။ ပြည်သူ့တော်လှန်ရေးတပ်မတော် PRA က ဖော်ပြပေးခဲ့တဲ့ ပုလဲမြို့နယ်တိုက်ပွဲရဲ့ဗီဒီယိုဖိုင်တစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Video Credit-People Revolution Army's FB Page

Photo Credit-Myaing PDF's FB Page
Photo Credit-Myaing PDF's FB Page
Photo Credit-People Revolution Army's FB Page
Photo Credit-People Revolution Army's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T