(၂၄)နာရီအတွင်းမှာပဲ ကြည့်ရှုသူပေါင်း 69M ထိ အမြန်ဆုံးရရှိခဲ့တာကြောင့် YouTube သမိုင်းတစ်လျှောက်မှာစံချိန်တင်နိုင်ခဲ့တဲ့ Lisa ရဲ့ MV

//s9.kh1.co/4e/4eb47c810ae9188d105ad707fa014e4b1d4d976f.jpeg
အနုပညာရှင်များ

 ၁၁-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

(၂၄)နာရီအတွင်းမှာပဲ ကြည့်ရှုသူပေါင်း 69M ထိ အမြန်ဆုံးရရှိခဲ့တာကြောင့် YouTube သမိုင်းတစ်လျှောက်မှာစံချိန်တင်နိုင်ခဲ့တဲ့ Lisa ရဲ့ MV

စက်တင်ဘာလ (၁၀)ရက်နေ့မှာတော့ Lisa ရဲ့ တစ်ကိုယ်တော် Album ထဲမှ "LALISA" MV ထွက်ရှိခဲ့တာဖြစ်ပါတယ်။Lisa ကတော့ သူမရဲ့ပထမဆုံးတစ်ကိုယ်တော် Album အတွက် စိတ်ရောကိုယ်ပါနှစ်ပြီး သေချာကြိုးစားထားတာကြောင့် MV ထွက်ရှိလာချိန်မှာလည်း ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။"LALISA" MV ကတော့ပြည်ပနိုင်ငံတွေမှာပါအရမ်းပေါက်နေပြီး မြန်မာပြည်တွင်းကပရိသတ်တွေကလည်း Lisa ကိုအရမ်းချီးကျူးနေကြတာဖြစ်ပါတယ်။

Photo Credit:LaLisa’s Instagram acc
Photo Credit:LaLisa’s Instagram acc
Photo Credit:LaLisa’s Instagram acc<br>
Photo Credit:LaLisa’s Instagram acc

"LALISA" MV ရဲ့ကြာချိန်က (၃) မိနစ်နဲ့ (၂၆)စက္ကန့်ဖြစ်ပေမယ့် ဗီဒီယိုထဲမှာ အမိုက်စားအပြင်အဆင်တွေနဲ့ ကကွက်တွေကို မထပ်အောင်တွေ့မြင်ရပါတယ်။ဒါ့အပြင် Lisa ရဲ့ အဝတ်အစားအပြင်အဆင်တွေကအစ အရမ်းမိမိုက်နေပြီး သူ့နေရာနဲ့သူလိုက်ဖက်ညီနေပါတယ်။Lisa ကတော့ ထိုင်းလူမျိုးပီပီ သူမရဲ့ရိုးရာဝတ်စုံလေးကိုလည်း မမေ့မလျော့ဘဲ MV ထဲမှာ စက္ကန့်အနည်းငယ်မျှဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုဝတ်ဆင်ခဲ့တာကြောင့် သူမရဲ့နိုင်ငံချစ်စိတ်ကို ပရိသတ်အများအပြားကချီးကျူးနေကြတာဖြစ်ပါတယ်။

Photo Credit:LaLisa’s Instagram acc
Photo Credit:LaLisa’s Instagram acc
Photo Credit: Original Uploder&nbsp;
Photo Credit: Original Uploder 
Photo Credit: Original Uploder&nbsp;
Photo Credit: Original Uploder 

"LALISA" MV ကတော့ (၂၄)နာရီပြည့်ဖို့ (၁)နာရီအလိုမှာတင် ကြည့်ရှုသူပေါင်: (69M) ရှိသွားပြီဖြစ်ပါတယ်။(၂၄)နာရီအတွင်းမှာ ကြည့်ရှုသူအများဆုံးကို အမြန်ဆုံး ရရှိလာတာကြောင့် YouTube သမိုင်းတစ်လျှောက်မှာ Female Soloist ရဲ့ MV အဖြစ် "LALISA" MV က စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။Lisa ကိုချစ်ကြတဲ့ပရိသတ်တွေကလည်းသူမရဲ့ကြိုးစားမှုတွေကိုအသိအမှတ်ပြုပြီး  အဘက်ဘက်ကနေအားပေးကြည့်ရှုမှုကြောင့် ဒီလိုရလာဒ်မျိုးရရှိလာကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:LaLisa’s Instagram acc
Photo Credit:LaLisa’s Instagram acc
Photo Credit:LaLisa’s Instagram acc
Photo Credit:LaLisa’s Instagram acc

Source&Photo Credit:LaLisa’s Instagram acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T