ကလေးဝက Mytel တာဝါတိုင်ကို တစ်ချက်တည်းနဲ့လဲသွားအောင် မိုင်းခွဲဖျက်ဆီးပြီး ညာသံပေးကာ ချီတက်ခဲ့ကြတဲ့ PDF တွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/43/43eb24143610a41b13809b44c573106ea6ba4a6e.jpg
နေ့စဉ်သတင်းများ

 ၁၁-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ကလေးဝက Mytel တာဝါတိုင်ကို တစ်ချက်တည်းနဲ့လဲသွားအောင် မိုင်းခွဲဖျက်ဆီးပြီး ညာသံပေးကာ ချီတက်ခဲ့ကြတဲ့ PDF တွေရဲ့ဗီဒီယိုဖိုင်

ယခုလတ်တလောမှာတော့ အာဏာရှင်လူတစ်စုရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel တာဝါတိုင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖောက်ခွဲဖျက်ဆီးနေကြတာ တွေ့ရပါတယ်။ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ Mytel တာဝါတိုင်တွေကို PDF တွေက ရတဲ့နည်းလမ်းနဲ့ ဖောက်ခွဲရေးတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် Mytel နဲ့ဆက်စပ်ပစ္စည်းတွေကိုလည်း သူတို့က မီးရှို့ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

မနေ့က စက်တင်ဘာလ (၁၀)ရက်ကဆိုရင်လည်း စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးဝမြို့နယ်ရှိ Mytel တာဝါတိုင်တစ်ခု ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လာတဲ့ဗီဒီယိုဖိုင်အရ ဒေသခံအင်အားစုတွေက ကလေးဝက Mytel တာဝါတိုင်ကို တစ်ချက်တည်းနဲ့လဲသွားအောင် မိုင်းခွဲခဲ့တာ ဖြစ်ပါတယ် ။ တိုင်ပါလဲသွားတဲ့ အခြေအနေကိုကြည့်ပြီး PDF တွေက အောင်ပွဲခံခဲ့ကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါ့အပြင် PDF တွေက Mytel တာဝါတိုင်ရှိရာ နေရာကို ညာသံပေးကာ အပြေးအလွှား ချီတက်သွားကြတာလည်း ဖြစ်ပါတယ် ။ ကလေးဝမြို့နယ်က Mytel တာဝါတိုင်ကတော့ PDF ရဲ့ မိုင်းခွဲခံရပြီးနောက် လဲကျပျက်စီးသွားခဲ့တာပဲ ဖြစ်ပါတယ် ။ အာဏာရှင်လူတစ်စုပိုင်ဆိုင်တဲ့ ကလေးဝမြို့နယ်က Mytel တာဝါတိုင်ကို ဖောက်ခွဲရေးပြုလုပ်ခဲ့တဲ့ PDF တွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T