သွေးချင်းညီနောင်တွေအတွက် အဝတ်အထည်တွေကို အလကားပေးနေချိန် အလုအယက်ယူနေကြတာကိုကြည့်ပြီးပျော်ရွှင်ကြည်နူးနေတဲ့ကိုပေါက်

//s9.kh1.co/3c/3c9916fd734d3297d39593349b0c7c37db14918e.jpeg
အနုပညာရှင်များ

 ၁၁-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

သွေးချင်းညီနောင်တွေအတွက် အဝတ်အထည်တွေကို အလကားပေးနေချိန် အလုအယက်ယူနေကြတာကိုကြည့်ပြီးပျော်ရွှင်ကြည်နူးနေတဲ့ကိုပေါက်

သရုပ်ဆောင်၊ဒါရိုက်တာကိုပေါက်ကတော့ ယခုချိန်မှာဆိုရင် လွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီး အခက်အခဲတွေကို ရင်ဆိုင်ဖြတ်ကျော်နေတာပဲဖြစ်ပါတယ်။ကိုပေါက်ကလည်း အခုကြုံတွေ့နေရတဲ့ တော်လှန်ရေးမှာ တစ်စိတ်တစ်ပိုင်းပါဝင်နေတာဖြစ်လို့ ရဲဘော်တွေနဲ့လည်း ညီအစ်ကိုလိုမျိုးပေါင်းသင်းဆက်ဆံတာဖြစ်ပါတယ်။လွတ်မြောက်နယ်မြေမှာတော့ ကိုပေါက်က အတူတူရောက်ရှိနေကြတဲ့သူတွေအတွက် ကိုယ်တိုင်ချက်ပြုတ်ပြီးအစားအသောက်ပိုင်းကိုတာဝန်ယူထားတာဖြစ်ပါတယ်။

Photo Credit:Aung Min Naing’s Fb acc 
Photo Credit:Aung Min Naing’s Fb acc 
Photo Credit:Aung Min Naing’s Fb acc 
Photo Credit:Aung Min Naing’s Fb acc 

ကိုပေါက်ကလည်း မိသားစုနဲ့ခွဲခွါနေရပေမယ့် သူ့ကိုချစ်တဲ့သူတွေကို စိတ်မပူကြဖို့မှာကြားပြီး ပြည်သူတွေကိုပြန်လည်စိတ်ပူနေတာဖြစ်ပါတယ်။ကိုပေါက်ရောက်ရှိနေတဲ့နေရာက မြန်မာပြည်အစွန်အဖျားတစ်နေရာဖြစ်ပြီးရိုးသားဖော်ရွေတဲ့တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကြောင့် နွေးထွေးပျော်ရွှင်စွာ နေထိုင်ရပါတယ်။မနေ့ကဆိုရင်လည်း ကိုပေါက်တို့အဖွဲ့က သွေးချင်းညီအစ်ကိုမောင်နှမတွေအတွက် အဝတ်အထည်တွေကို ရက်ရက်ရောရောလှူနေကြတာဖြစ်ပါတယ်။

Photo Credit:Aung Min Naing’s Fb acc 
Photo Credit:Aung Min Naing’s Fb acc 
Photo Credit:Aung Min Naing’s Fb acc 
Photo Credit:Aung Min Naing’s Fb acc 
Photo Credit:Aung Min Naing’s Fb acc 
Photo Credit:Aung Min Naing’s Fb acc 

ကိုပေါက်ကလည်း သူတို့လှူပေးတဲ့ အဝတ်အထည်တွေကို တိုင်းရင်းသားတွေက အလုအယက်ယူနေကြတော့ ပျော်ရွှင်နေတာဖြစ်ပါတယ်။ဒါ့အပြင် အဝတ်အထည်တွေအလကားပေးနေချိန် ရိုးသားဖြူစင်တဲ့သွေးချင်းတွေကလည်းကိုပေါက်ကိုမုန့်တွေပြန်ကျွေးနေတာဖြစ်ပါတယ်။ရောက်တဲ့နေရာမှာ လူတိုင်းနဲ့အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံပြီး တတ်နိုင်သလောက်ကူညီပေးရလို့ ပျော်ရွှင်နေတဲ့ ကိုပေါက်ရဲ့ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Aung Min Naing’s Fb acc 
Photo Credit:Aung Min Naing’s Fb acc 
Photo Credit:Aung Min Naing’s Fb acc 
Photo Credit:Aung Min Naing’s Fb acc 

Source&Photo Credit:Aung Min Naing’s Fb acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T