ဆီးရီးယားနိုင်ငံ Daraa ပြည်နယ်မှာ လက်နက်ကိုင်များ စွန့်ခွာသွားပြီးနောက် နေရပ်သို့ စတင်ပြန်လာခဲ့တဲ့ ပြည်သူများ

//s9.kh1.co/e7/e7910ad7ed893d79dab219a678784655fd809ff2.jpg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ဆီးရီးယားနိုင်ငံရဲ့ တောင်ပိုင်း Daraa ပြည်နယ်အတွင်းမှာ အရင်က လက်နက်ကိုင်များတပ်စွဲထားရာနေရာများကို စစ်တပ်ဝင်ရောက်ခဲ့ပြီးနောက် စက်တင်ဘာ(၉) ရက်နေ့က ထောင်နှင့်ချီသောပြည်သူများဟာ မိမိတို့ရဲ့ နေအိမ်များသို့ အသီးသီး စတင်ပြန်လာနေပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများရဲ့ ဖော်ပြချက်တွေအရသိရပါတယ်။ Daraa ပြည်နယ်ရှိ အာဏာပိုင်များဟာ လက်နက်ကိုင်များ နေရာယူထားခဲ့တဲ့ ဧရိယာများမှာ ဗုံးရှင်းလင်းရေးအဖွဲ့က ပိုက်စိပ်တိုက်ရှာဖွေခဲ့ပါတယ်။

Photo Credit - China Xinhua
Photo Credit - China Xinhua
Photo Credit - China Xinhua
Photo Credit - China Xinhua

ဒါ့အပြင် ပြည်သူများ နေအိမ်များဆီပြန်နိုင်ရန် လမ်းပိတ်ဆို့ထားမှုများကိုလည်း ဖယ်ရှားရှင်းလင်းကာ လမ်းများကို ဖွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ပြည်နယ်အတွင်း စစ်တပ်ကဝင်ရောက်ခဲ့ပြီးနောက် လက်နက်ကိုင်တပ်များဟာ ၎င်းတို့ ထိန်းချုပ်ရာ ဆီးရီးယားမြောက်ပိုင်းသို့ ရွှေ့ပြောင်းသွားခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ Daraa ပြည်နယ်မှာ နှစ်ဖက်စစ်ရေးတင်းမာမှုတွေက လပေါင်းများစွာကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - China Xinhua
Photo Credit - China Xinhua
Photo Credit - China Xinhua
Photo Credit - China Xinhua

မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တင်းမာမှုကြောင့် Daraa ပြည်နယ်ဒေသအတွင်း နေရပ်ရွှေ့ပြောင်းသူ အရေအတွက်မှာ (၃၈,၆၀၀) ဦးရှိကြောင်း၊ ယင်းအနက် အမျိုးသမီး (၁၅,၀၀၀) ဦး နှင့် ကလေးသူငယ် (၂၀,၄၀၀) ကျော်ပါဝင်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) စာရင်းများရဲ့ ဖော်ပြချက်မှာ ပါရှိတယ်လို့ ဆိုပါတယ်။

Photo Credit - China Xinhua
Photo Credit - China Xinhua
Photo Credit - China Xinhua
Photo Credit - China Xinhua

သတင်း အရင်းအမြစ်Source - China Xinhua

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T