ရွာကိုလာတိုက်တဲ့အကြမ်းဖက်တွေကို ခုခံကာကွယ်ရင်း ကျဆုံးသွားတဲ့တပည့်တွေအတွက် ယူကြုံးမရဝမ်းနည်းနေတဲ့ ဆရာမလေး

//s9.kh1.co/55/55a3af199a89288a9500fe062927348ff547edbb.jpeg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာမှာ စက်တင်ဘာ(၉)ရက်နေ့ နံနက် (၅)နာရီကျော် ဝန်းကျင်လောက်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စကစတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ကြား ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံပြည်သူတွေ သေဆုံးခဲ့သလို နေအိမ်များလည်း မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။ 

Photo Ctedit - Original Uploader
Photo Ctedit - Original Uploader
Photo Ctedit - Original Uploader
Photo Ctedit - Original Uploader

တိုက်ပွဲကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အပါအဝင် ဒေသခံပြည်သူ (၁၀)ဦးနဲ့ အထက် သေဆုံးခဲ့ရသလို နေအိမ် (၁၀)လုံးခန့်လည်း မီးရှို့ဖျက်စီးခံခဲ့ရပြီး ဒီကနေ့မနက်ထိနေအိမ်တွေမီးလောင်နေဆဲဖြစ်တာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းသူတွေကလွဲရင် ရွာသားအားလုံးနီးပါး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း သေဆုံးသွားကြသူတွေထဲမှာ ကျောင်းသားလူငယ်တွေလည်း ပါဝင်နေပြီး ရွာကိုလာတိုက်တဲ့အကြမ်းဖက်တွေကို ခုခံကာကွယ်ရင်း ကျဆုံးသွားတဲ့တပည့်တွေအတွက် ယူကြုံးမရဝမ်းနည်းနေတာတွေကို ဆရာမတစ်ဦးက ရင်ဖွင့်လာပါတယ်။ 

Photo Ctedit - Original Uploader
Photo Ctedit - Original Uploader
Photo Ctedit - Original Uploader
Photo Ctedit - Original Uploader

လိမ္မာရေးခြားရှိပြီး ငယ်လွန်းသေးတာကြောင့် ဘယ်အဖွဲ့မှ မလိုက်ဖို့ မှာထားပေမယ့် ရွာနဲ့ တိုင်းပြည်အတွက် အသက်ပေး တာဝန်ကျေလွန်းတဲ့အတွက် ဝမ်းနည်းမှုတွေကို ပြောပြထားတာ ဖြစ်ပါတယ်။

ပြည်သူတွေနဲ့ ဒေသခံတွေကလည်း အသက်ပေး ကြွေလွင့်သွားကြတဲ့ သူရဲကောင်းလေးတွေအတွက် ဖြေမဆည်နိုင်အောင် ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ 

Photo Ctedit - Original Uploader
Photo Ctedit - Original Uploader
Photo Ctedit - Original Uploader
Photo Ctedit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T