မင်းသမီး မြတ်သူသူကတော့ "ပျားရည်အိုင်" ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကြားမှာ တစ်ဖန်ပြန်လည်ပြီး အောင်မြင်မှုတွေရရှိနေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ထုတ်လွှင့်ပြသခဲ့ဖူးတဲ့ "ပျားရည်အိုင်" ဇာတ်လမ်းတွဲက အခုလက်ရှိမှာ နောင်တစ်ကြိမ် ပြန်လည်ပြသနေတာ ဖြစ်ပြီး အိမ်ထောင်ရေးပညာပေးဇာတ်လမ်းလည်း ဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပဲဖြစ်ပါတယ်.....။
မြတ်သူသူဟာ ဒီဇာတ်လမ်းတွဲထဲမှာဆိုရင် မြညိုအနေနဲ့ ပါ၀င်သရုပ်ဆောင်ထားပြီး မေမီကိုကို၊ အောင်ရေချမ်းတို့နဲ့အတူ ပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ မြတ်သူသူဟာ ယောက်ျားဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရတဲ့ ဇာတ်ရုပ်နေရာကနေ ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေလည်း ဒီဇာတ်၀င်ခန်းတွေကြောင့် အားမလိုအားမရတွေဖြစ်ကာ ဇာတ်ရှိန်တက်ခဲ့ကြတာဖြစ်ပါတယ်။
ပျားရည်အိုင်ဇာတ်လမ်းတွဲဟာ ဆရာမ ခင်နှင်းယုရဲ့ ၀တ္ထုကောင်းတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာ ဟိန်းစိုးက ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ မြတ်သူသူဟာ မြညိုအဖြစ်ပရိသတ်လက်ခံအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ ဆရာဟိန်းစိုးကို အိမ်ထိသွားရောက်ဂါရ၀ပြုခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Myat Thu Thu-မြတ်သူသူ's FB Page