အသင့်ဖျော် ကော်ဖီထုပ်တွေ ရေရှည်သောက်သုံးရာကနေ ဖြစ်လာနိုင်တဲ့ဆိုးကျိုးများ

//s9.kh1.co/4a/4a62080cd6e7ea5e34f8ebafdb68cdfbfd820aec.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကော်ဖီသောက်တာဟာ လူတွေကို အချို့သော ကောင်းကျိုးတွေရရှိတယ်ဆိုပေမယ့် အများအပြားသောက်သုံးတာပဲ ဖြစ်ဖြစ် အသင့်ဖျော်ကော်ဖီထုပ်တွေ သောက်သုံးတာများတာပဲ ဖြစ်ဖြစ် ဘေးထွက်ဆိုးကျိုးတွေများစွာ ပြန်လည်ဖြစ်ပေါ်စေပါတယ်။

ဒါ့ကြောင့် အသင့်ဖျော်ကော်ဖီထုပ်တွေ သောက်သုံးရာကနေ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ဖော်ပြပေးလိုပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/90/90ec51c1b6f7f765b523287ff7b38967b8701c49.jpg

ကော်ဖီမှုန့်အပြင် ဓာတုပစ္စည်းတွေပါ ပါဝင်နေတဲ့ အသင့်ဖျော်ကော်ဖီထုပ်တွေဟာ ရေရှည်သောက်သုံးလာတာနဲ့အမျှ ခန္ဓာကိုယ်အတွက် ရောဂါဆိုးတွေကို သယ်ဆောင်လာပေးတဲ့ အပြင် အခန့်မသင့် အသက်ကိုပါ ဆုံးရှုံးရစေနိုင်ပါတယ်။ အသင့်ဖျော်ကော်ဖီမစ်ထုပ်တွေ သောက်တာများလာတဲ့ အခါ ကျောက်ကပ်နဲ့ နှလုံးကို အဓိက ထိခိုက်စေပြီး အာရုံကြော်ဆဲလ်တွေကိုလည်း ယိုယွင်း ပျက်ပြားစေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=435,q=100/2f/2f0b71da9ff966a4fb78c3bc6470435dc145e6f5.jpg

ဒါ့ပြင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ တို့ကို ဖြစ်စေနိုင်သလို ခေါင်းကိုက်ရောဂါ နဲ့ စိတ်ဂနာမငြိမ်ဖြစ်တာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ဆိုရင်လည်း

ကိုယ်ဝန်ပျက်ကျစေနိုင်သလို အိမ်ထောင်ရှင်တွေအတွက်လည်း ကိုယ်ဝန်ဆောင်နိုင်ရန် အခွင့်အရေးနည်းပါးလာခြင်း၊ ရေဓာတ်ကုန်ခမ်းခြင်း စတဲ့ ရောဂါဆိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါ့ကြောင့် အသင့်ဖျော်ကော်ဖီထုပ်တွေကို အလွန်အကျွံ့နဲ့ ​ရေရှည်မသောက်သုံးသင့်ပါဘူး။

ကော်ဖီစွဲနေသူတွေအနေနဲ့လည်း ဘာမှမရောထားတဲ့ ကော်ဖီမှုန့်စစ်ကိုသာ သောက်သုံးပေးသင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=363,q=100/45/4523959bc3b9ce0d13fe5cf19a59eecbf5dab9cb.jpeg

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T