ကျောက်ကြီးမြို့နယ်က ရှင်သီဝလိခြေတော်ရာတောင်တွင် မြတ်စွာဘုရားခြေဆေးကန် စေတီတော်မှ ရောင်ခြည်တော် ကွန့်မြူးနေသော ပုံရိပ်များ

//s9.kh1.co/57/571b6bfbb251470f86e3acbbd1f2036205e3e5e8.png
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ယမန်နေ့စက်တင်ဘာလ (၉) ရက် ည (၈) နာရီအချိန် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီး မြို့နယ်က မြို့နယ်ကျက်သရေဆောင် ရှင်သီဝလိခြေတော်ရာတောင်တော်မြတ်မှ မြတ်စွာဘုရား ခြေဆေးကန်စေတီတော်တွင် ရောင်ခြည်တော်ကွန့်မြူးခဲ့တဲ့ပုံရိပ်တွေဟာ လူမှုကွန်ယက်မှာပျံ့နှံ့လာခဲ့ပါ တယ်။ အဆိုပါ စေတီတော်မှာ ည (၈) နာရီအချိန်မှ စတင်ပြီး (၄၅) မိနစ်ကြာ ရောင်ခြည်တော်များ ကွန့်မြူးခဲ့ခြင်းကြောင့် ကျောက်ကြီးမြို့ပေါ် ရပ်ကွက် များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများက မြင်တွေ့ဖူးမျှော်ခဲ့ကြပါတယ်။

Photo Credit - Mingalar Taung Nyunt Informations's FB Acc
Photo Credit - Mingalar Taung Nyunt Informations's FB Acc

ရှင်သီဝလိခြေတော်ရာတောင်တော်၏ အရှေ့ဘက်တွင် ဝက်ညီနောင်တောင်၊ အရှေ့မြောက်ဘက်တွင် ဆင်မယဉ်သာတောင်၊ အနောက်တောင်ယွန်းယွန်းတွင် ဂုဏ်မာန် ယက္ခတောင်နှင့် တောင်အရပ်တွင် ပီဠိယက္ခတောင်ငယ် စသည့် အဓိကတောင်ကြီးငါးလုံး အနက် အလယ်၌တည်ရှိသော ကေလာသဖတောင် ပေါ်၌တည်ရှိပြီး မြို့နယ်ကျက်သရေဆောင် ရှင်သီဝလိရဟန္တာမြတ်ခြေရာတော်၊ ငါးထပ်ကြီးရုပ်ပွားတော်နှင့် မြတ်စွာဘုရားရှင် ခြေဆေးကန်စေတီတော်မှာ ဒေသခံများနှင့် ဘုရားဖူးလာရောက်သူများ အတွက် ဖူးမျှော်ကြည်ညိုစရာတစ်ခုပါ။

Photo Credit - Mingalar Taung Nyunt Informations's FB Acc
Photo Credit - Mingalar Taung Nyunt Informations's FB Acc
Photo Credit - Mingalar Taung Nyunt Informations's FB Acc
Photo Credit - Mingalar Taung Nyunt Informations's FB Acc

မြတ်စွာဘုရားရှင် ခြေဆေးကန်မှာလည်း နွေ၊ မိုး၊ ဆောင် ဥတုသုံးပါးလုံး ရေမခမ်းခြောက်ခြင်းမှာ ထူးခြားမှုတစ်ခုပါပဲ။ ရောင်ခြည်တော်ကွန့်မြူးသည့်စေတီတော်မှာ အဆိုပါ မြတ်စွာဘုရားရှင် ခြေဆေးကန်ငုံ၍ တည်ထားခြင်းဖြစ်ကြောင်း ရှင်သီဝလိခြေတော်ရာတောင် ဂေါပကများ၏ ပြောကြားချက်အရသိရသည်။ ဒီလိုထူးခြားဖြစ်စဉ်ဟာလည်း ဗုဒ္ဓဘာသာဝင်တွေအတွက် အထွဋ်အမြတ် ထားစရာတစ်ခုမို့ ပရိသတ်ကြီးလည်း ထပ်တူဖူးမျှော်နိုင်အောင် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit - Mingalar Taung Nyunt Informations's FB Acc
Photo Credit - Mingalar Taung Nyunt Informations's FB Acc

သတင်း အရင်းအမြစ်Mingalar Taung Nyunt Informations's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T