ကျောက်ကပ်ရောင်ပြီး ဒူးအမြဲထောင်နေရတဲ့ မုန့်ဖက်ထုပ်ရောင်းတဲ့ အသက်(၇၅)နှစ်အရွယ် အဖိုးကို လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ လူရွှင်တော်မိုးစက်

//s9.kh1.co/28/282babaf1b5b367537ea7e99abe5f11f01fc2fd0.jpeg
အနုပညာရှင်များ

 ၁၀-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

လူရွှင်တော်မိုးစက်ကတော့ အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေကိုရယ်မောပျော်ရွှင်စေရုံတင်မကဘဲ လှူဒါန်းမှုတွေလည်း မကြာခဏပြုလုပ်နေသူ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုအနုပညာရှင်တွေကို လှူဒါန်းနေတဲ့အပြင် စားဝတ်နေရေးခက်ခဲကာ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကိုပါ တတ်နိုင်သလောက် ကူညီပေးနေသူလည်း ဖြစ်ပါတယ်။

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

လူရွှင်တော်မိုးစက်ကတော့ ကျောက်ကပ်ရောဂါခံစားနေရပြီး ဒူးအမြဲထောင်နေရပြီး စားဝတ်နေရေးအပြင် ဆေးကုသဖို့ပါ ခက်ခဲနေတဲ့ အသက်(၇၀)ကျော် အဖိုးအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်။ ကျောက်ကပ်ရောဂါခံစားနေရတဲ့ အဖိုးဟာ ဇနီးနဲ့ သားတစ်ယောက်အပြင် မြေးနှစ်ယောက်ရှိပေမယ့် သားဖြစ်သူကလည်း ဗိုက်ခွဲထားတဲ့အတွက်  အလုပ်ပင်ပင်ပန်းပန်း မလုပ်နိုင်ဘဲ စားဝတ်နေရေးခက်ခဲနေကြတာပါ။ 

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

အခုလို အခက်အခဲဖြစ်နေတဲ့ အဖိုးကို ကူညီထောက်ပံ့ပေးနေတာ ကြာပြီဖြစ်ပေမယ့် အခုမှပုံတင်ဖြစ်ပြီး အလှူငွေ (၅၀၀၀၀)ကိုလည်း လှူဒါန်းကန်တော့ခဲ့တယ်လို့ ဆိုပါတယ်။ အဖိုးဆီရောက်ဖြစ်တဲ့အခါ ခြေထောက်တွေရောင်နေတာကြောင့် စားဝတ်နေရေးထက် ကျန်းမာရေးအတွက် ပိုပြီး စိတ်ပူတယ်ဆိုပြီး မိုးစက်က ပုံရိပ်လေးတွေကို ဝေမျှထားတာ ဖြစ်ပါတယ်။

Photo Credit - Moe Sat's Fb Acc
Photo Credit - Moe Sat's Fb Acc

သတင်း အရင်းအမြစ်Moe Sat's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T