အဖြေရှာမရတဲ့အကြောင်းအရင်းတွေကြောင့် မိသားစုသုံးယောက်လုံးအပြင် ခွေးလေးပါသေဆုံးခဲ့ရတဲ့ စိတ်မကောင်းစရာဖြစ်ရပ်

//s9.kh1.co/f9/f917c9824b72502d989c12b848e12a8ead1ddbd9.png
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့သြဂုတ်လ (၁၇) ရက်နေ့မှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမြို့မှာရှိတဲ့ Snapchat အင်ဂျင်နီယာ Jonathan Gerrish အသက် (၄၅) နှစ်၊ ဇနီး Ellen Chung၊ သူတို့ရဲ့တစ်နှစ်သမီး Muji နဲ့မိသားစုရဲ့ခွေး Oski တို့ကို Sierra National Forest မှာ သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။ ဒီတောအုပ်ဟာ အပန်းဖြေဖို့နဲ့ တောင်တက်ဖို့ ဖန်တီးထားတာဖြစ်ပြီး သွားရောက်လည်ပတ်သူတွေလည်း အများအပြား ရှိခဲ့ကြပါတယ်။ သို့ပေမယ့်လည်း တောအုပ်ထဲမှာရှိတဲ့ Merced မြစ်ရဲ့ရေမှာ အဆိပ်သင့်ရေညှိဓာတ် တစ်မျိုးပါဝင်နေတာကြောင့် အာဏာပိုင်တွေက သွားလာမှုကန့်သတ်ထားခဲ့တာဖြစ်ပါတယ်။

Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc

သေဆုံးသွားတဲ့မိသားစုတွေရဲ့ရုပ်အလောင်းပတ်ဝန်းကျင်မှာ အဆိပ်ရှိတဲ့ရေညှိပန်းတွေကို ရှာဖွေတွေ့ရှိခဲ့ ကြပါတယ်။ မိသားစုဟာ ဒီရေကိုသောက်မိပြီးအဆိပ်သင့်ခဲ့တယ်လို့လည်း အာဏာပိုင်တွေကယူဆခဲ့ကြ သော်လည်း လက်ရှိအချိန်ထိတော့ သေဆုံးမှုရဲ့ အဓိကဖြစ်စဉ်ကို အတိအကျ မသိရသေးပါဘူး။ မသေဆုံးခင်မှာလည်း ပြင်းထန်တဲ့မိုးကြိုးပစ်ချမှုဖြစ်ပွားခဲ့ပြီး မိသားစုဟာ မိုးကြိုးပစ်ချမှုကြောင့် သေဆုံးနိုင်ချေရှိတယ်လို့လည်းသုံးသပ်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်နှစ်တိုင်း မိုးကြိုးပစ်ချမှုကြောင့် ပျမ်းမျှလူ (၄၉) ဦးခန့် သေဆုံးပြီး နောက်ထပ်လူရာပေါင်းများစွာဒဏ်ရာရမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc

မိုးကြိုးပစ်ချခံရခြင်းကြောင့် အဓိကအားဖြင့် ဦးနှောက်ထိခိုက်မှုနှင့် အာရုံကြောထိခိုက်မှုတို့ ဖြစ်တတ်ပြီး ပြင်းထန်တဲ့မီးလောင်ကျွမ်းမှုမျိုးတော့ တော်ရုံမဖြစ်တတ်ဘူးလို့လည်း Daily Mail ရဲ့ သတင်းဖော်ပြချက် အရသိရပါတယ်။ မိသားစုသုံးယောက်လုံးအပြင် ချစ်စရာခွေးလေးပါ သေဆုံးသွားခဲ့ရတဲ့ဒီဖြစ်စဉ်ကြောင့် အမေရိကန်ပြည်သူတွေကလည်း အတော်လေးကို စိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။

Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc

သတင်း အရင်းအမြစ်Daily Mail's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T