မိခင်လိုပဲအရမ်းချစ်စရာကောင်းပြီး အနုပညာသွေးအပြည့်နဲ့ အမိုက်စားကကွက်တွေကပြကာ သီချင်းတွေနဲ့ပါသီဆိုဖျော်ဖြေနေတဲ့ Marianရဲ့သမီးလေး

//s9.kh1.co/44/44612a318f3f2108cf2e79ac216d925f1a0d99e9.jpeg
အနုပညာရှင်များ

 ၁၀-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

မိခင်လိုပဲအရမ်းချစ်စရာကောင်းပြီး အနုပညာသွေးအပြည့်နဲ့ အမိုက်စားကကွက်တွေကပြကာ သီချင်းတွေနဲ့ပါသီဆိုဖျော်ဖြေနေတဲ့ Marianရဲ့သမီးလေး

နိုင်ငံတော်တော်များများက ပရိသတ်တွေကို ပိုင်ဆိုင်ထားတဲ့ Dingdong Dantes နဲ့ Marian Rivera တို့ ဖိလစ်ပိုင်အနုပညာရှင်နှစ်ယောက်ကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။Marian တို့ရဲ့ အိမ်ထောင်သက်တမ်း (၇)နှစ်အတွင်းမှာ ချစ်စရာသမီးလေးတစ်ယောက်နဲ့ သားချောလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။Marian ကလည်း ကလေးအမေလို့မထင်ရဘဲ တစ်နေ့တခြားနုနယ်ပျိုမျစ်နေတာပဲဖြစ်ပါတယ်။

Photo Credit:Marian Rivera’s Fb acc
Photo Credit:Marian Rivera’s Fb acc
Photo Credit:Marian Rivera’s Fb acc
Photo Credit:Marian Rivera’s Fb acc

Marian ရဲ့ သမီးကြီးလေးနာမည်က Zia Dantes ဖြစ်ပြီး မိခင်လိုပဲ ပါးချိုင့်လေးတွေနဲ့အရမ်းချစ်စရာကောင်းပါတယ်။Zia လေးက အသက်ငယ်ငယ်လေးနဲ့တင် အနုပညာအလုပ်တွေကို အနည်းအကျဉ်းလုပ်ဆောင်နေတာဖြစ်ပြီးMega မဂ္ဂဇင်းရဲ့ အကျော်အမော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။မိဘနှစ်ပါးလုံးကလည်းနာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတာကြောင့် Zia လေးကလည်း အနုပညာကိုဝါသနာပါပြီး အမိုက်စားကကွက်လေးတွေလည်း ကတတ်ပါသေးတယ်။

Photo Credit:Marian Rivera’s Fb acc
Photo Credit:Marian Rivera’s Fb acc
Photo Credit:Marian Rivera’s Fb acc
Photo Credit:Marian Rivera’s Fb acc

အခုဆိုရင်တော့ Zia လေးက Blackpink အဖွဲ့ရဲ့ "How you like this " သီချင်းလေးနဲ့ အမိုက်စားကပြနေပြီး Katy Perry ရဲ့ "Roar" သီချင်းနဲ့လည်း သီဆိုဖျော်ဖြေခဲ့တာဖြစ်ပါတယ်။Marian ကတော့ သမီးလေးရဲ့ ကကွက်တွေကိုဘေးကနေကြည့်ပြီး ပီတိဖြစ်နေတာဖြစ်ပါတယ်။Marian ရဲ့ ချစ်စရာသမီးလေးကတော့ လူတွေအများကြီးရှေ့မှာအမိုက်စားကပြနေတဲ့အပြင် သီချင်းလေးပါသီဆိုလိုက်သေးတဲ့ ဗီဒီယိုဖိုင်လေးကို မြန်မာပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Marian Rivera’s Fb acc
Photo Credit:Marian Rivera’s Fb acc
Photo Credit:Marian Rivera’s Fb acc
Photo Credit:Marian Rivera’s Fb acc

Photo Credit:Marian Rivera’s Fb acc

Source&Video Credit:Marian Rivera’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T