ကိုယ့်မြို့ အနီးနား ပတ်ဝန်းကျင်ကို PDF ရဲဘော်တွေ ရောက်လာပါက တတ်နိုင်သလောက် လိုအပ်တာတွေ ကူညီပေးရန် ကြိုပြင်ဆင်နေတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/0b/0b5a8ec7050880a38ca7bf73c8663d757af1b5ce.jpeg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

......

နိုင်ငံရေး အခြေအနေတွေကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို လိုချင်ကြတဲ့ မြန်မာပြည်သူပြည်သားတွေအနေနဲ့ လှုပ်ရှားမှုတွေကို ယနေ့အထိ လုပ်ဆောင်နေကြဆဲပါ ။ ဒါတင်မကဘဲ လွတ်မြောက်နယ်မြေမှာ တော်လှန်ရေး အတွက် စစ်ပညာသင်ကြားနေကြတဲ့ ရဲဘော်တွေဆိုရင်လည်း အခက်အခဲတွေကြားကနေ အားမလျော့ဘဲ အစွမ်းကုန် အားတင်းကာ ပန်းတိုင်ကို လျှောက်လှမ်းနေကြတာကို တွေ့ရတာ လေးစားစရာပါ ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ပြည်သူတွေလည်း သူတို့တွေအားလုံးရဲ့ ပြင်းပြတဲ့ ခံယူချက်တွေ ခိုင်မာပြတ်သားတဲ့ စိတ်ဓာတ်တွေကို လေးစားမိလို့ တတ်နိုင်တဲ့ နေရာတွေကနေ ကူညီထောက်ပံ့ပေးတာတွေကို ဒီနေ့အထိ ပြုလုပ်ပေးနေကြတာပါ။ ငွေအားပါမက စားနပ်ရိက္ခာတွေ အသုံးအဆောင် ပစ္စည်းတွေကို အခက်အခဲတွေကြားကနေ မရောက်ရောက်အောင် ပို့ဆောင်ပေးနေကြတာကိုလည်း ကြည်နူး ပီတိဖြစ်စွာ တွေ့ရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

သူရဲကောင်းတွေ အတွက် ပြည်သူတွေက အစွမ်းကုန် ပါဝင်ရပ်တည်လျက်ရှိတာကြောင့် PDF ရဲဘော်တွေအနေနဲ့လည်း ခွန်အားဖြစ်မိမှာ အမှန်ပါပဲ ။ အခုလည်း PDF ရဲဘော်တွေ မိမိတို့ နေထိုင်ရာ မြို့နယ် အနီးပတ်ဝန်းကျင်တွေကို ရောက်လာပါက တတ်နိုင်သလောက် လိုအပ်တဲ့ ပစ္စည်းလေးတွေကို ထည့်ပေးနိုင်ရန် ရည်ရွယ်ပြီး ပြင်ဆင်နေတဲ့ ပြည်သူတစ်ဦးရဲ့ ပို့စ်ကိုတွေ့ရပါတယ် ။ အထုပ်ထဲမှာ ဆေးလိပ် ၊ ချိုချဉ် ၊ ခေါက်ဆွဲခြောက် ၊ ဆေးဝါးအပြင် ငွေသား အချို့ကို တစ်ယောက်စာ ထည့်ပေးထားကိုတွေ့ရပါတယ် ။ အထုပ်ထဲမှာ ပါဝင်တဲ့ အရာတွေ အားလုံးက အမှန်တကယ် လိုအပ်တာတွေမို့ ရရှိတဲ့ ရဲဘော်တွေလည်း ကျေနပ်အမောပြေကြမှာပါ ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ပြန်ဖော်ပြပေးရင်း အားလုံးဘေးကင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။ 

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T