Krubera ဥမင်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အနက်ရှိုင်းဆုံးသော ဥမင်တွေအဖြစ် သတ်မှတ်ခံထားရတဲ့ ဥမင်တွေထဲက တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။
ဒီ Krubera ဥမင်ဟာ ရုရှားနိုင်ငံတောင်ပိုင်း Gagra ခရိုင် အနောက်ကော့ကေးဆပ်ရှိ Arabika Massif မှာတည်ရှိပါတယ်။
၂၀၀၁ ခုနှစ်လောက်တုန်းကဆိုရင်လည်း ယူကရိန်း Speleological လေ့လာရေးအဖွဲ့ဟာ ဒီဥမင်ထဲကိုဆင်းပြီး လေ့လာစူးစမ်းခဲ့ကြပါတယ်။
သူတို့လေ့လာတုန်းကတော့ ဒီဥမင်ရဲ့အနက် ၅၆၁၀ ပေလောက်အထိရောက်ရှိခဲ့ပြီး အဲ့အချိန်ထဲက ဒီဥမင်ဟာကျော်ကြားလာခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်လောက်မှာတော့ ယူကရိန်းရေငုပ်သမား Gennadiy Samokhin ပါဝင်သည့်အဖွဲ့က ထပ်မံလေ့လာခဲ့ကြပါတယ်။
လေ့လာမှုအပြီးမှာတော့ သူတို့ဟာ ဒီဥမင်ရဲ့အနက်ကို ၂၁၉၇ မီတာရှိတယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာတော့ ဒီ Krubera ဥမင်ဟာ အနက်ကို ၂၁၉၇ မီတာ (၇၂၀၈ ပေ) နဲ့မှတ်တမ်းဝင်ခဲ့ပြီး ကမ္ဘာပေါ်မှာရှိတဲ့ မီတာ ၂၀၀၀ အထက်နက်ရှိုင်းတဲ့ ဥမင်တစ်ခု ဖြစ်လာခဲ့ပါတယ်...
သတင်း အရင်းအမြစ်៖ Wikipedia