လွတ်မြောက်နယ်မြေမှာ ရဲဘော်တွေလုပ်ပေးတဲ့ထမင်းလုံးကိတ်လေးနဲ့ မွေးနေ့ကိုဖြတ်သန်းခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းဟန်ထက်

//s9.kh1.co/67/67e9f14e7c3e852403291c22becd252eee5dc7d7.jpg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ တော်လှန်ရေးခရီးစဉ်ကြီးဟာ ၈လကျော်ခန့်ကြာမြင့်နေပြီဖြစ်ပြီးတော့ ပြည်သူလူထုနဲ့ ကျောင်းသားလူငယ်‌တွေဟာ အရာရာပေးဆပ်စွန့်လွှတ်ပြီး အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကြီးမှာ အဓိကအခန်းကဏ္ဍကနေ ပါ၀င်နေကြတဲ့သူတွေကတော့ Gen Zလို့ခေါ်ကြတဲ့ ကျောင်းသားလူငယ်လေးတွေပဲဖြစ်ပါတယ်.....။

Photo credit-Min Han Htet's Facebook acc
Photo credit-Min Han Htet's Facebook acc
Photo credit-Min Han Htet's Facebook acc
Photo credit-Min Han Htet's Facebook acc

ကျောင်းသားလူငယ်လေးတွေဟာ နွေဦးတော်လှန်ရေးကြီးမှာ စွမ်းစွမ်းတမံပါ၀င်နေကြပြီး တက္ကသိုလ်တိုင်းရဲ့ ကျောင်းသားသမဂ္ဂတွေကလည်း တတ်နိုင်တဲ့နည်းလမ်းမျိုးစုံနဲ့ ပြည်သူလူထုကို လှုံ့ဆော်ကာပါ၀င်နေကြတာဖြစ်ပါတယ်။ အခုလို သတ္တိအပြည့်နဲ့ပါ၀င်နေကြတဲ့ကျောင်းသားလူငယ်လေးတွေထဲမှာဆိုရင် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်တဲ့ ကိုမင်းဟန်ထက်တစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်။

Photo credit-Min Han Htet's Facebook acc
Photo credit-Min Han Htet's Facebook acc
Photo credit-Min Han Htet's Facebook acc
Photo credit-Min Han Htet's Facebook acc

ကိုမင်းဟန်ထက်ဟာ လက်ရှိမှာဆိုရင်လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိနေပြီဖြစ်ပြီးတော့ ဒီနေ့မှာတော့ သူ့ရဲ့မွေးနေ့ရက်လေးဖြစ်တယ်လို့သိရပါတယ်။ ကိုမင်းဟန်ထက်ဟာ ရဲဘော်တွေလုပ်ပေးကြတဲ့ ထမင်းလုံးကိတ်လေးတွေနဲ့ မွေးနေ့လေးကိုဖြတ်သန်းရင်း တော်လှန်ရေးကြီးအတွက် အားစိုက်ကြိုးစားနေတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Min Han Htet's Facebook acc
Photo credit-Min Han Htet's Facebook acc

သတင်း အရင်းအမြစ်Min Han Htet's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T