Federal ဒီမိုကရေစီ မရမချင်း အရိုးကြေကြေအရေခမ်းခမ်းတိုက်ပွဲဝင်သွားမယ်လို့ ကျမ်းသစ္စာကျိန်ဆိုနေတဲ့ ပြည်သူ့ရဲဘော်တစ်ဦးရဲ့ ဗီဒီယို

//s9.kh1.co/8b/8b30d4e3246b767540c0c9de0de620607ddf25b0.jpg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

Federal ဒီမိုကရေစီ မရမချင်း အရိုးကြေကြေအရေခမ်းခမ်းတိုက်ပွဲဝင်သွားမယ်လို့ ကျမ်းသစ္စာကျိန်ဆိုနေတဲ့ ပြည်သူ့ရဲဘော်တစ်ဦးရဲ့ ဗီဒီယို

မြန်မာပြည်သူတွေကတော့ ရန်သူကို အမြစ်ပြတ်တိုက်ထုတ်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး ကြိုးကြိုးစားစားနဲ့ စစ်ရေးလေ့ကျင့်နေကြပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်ရာတွင်လည်း လူအများနဲ့အလုပ်လုပ်ရတဲ့ အဖွဲ့အစည်းထဲ ဝင်ရောက်ရတာဖြစ်လို့ ကျမ်းသစ္စာ ကျိန်ဆိုရတာ မျိုးတွေ ရှိနေခဲ့ပါတယ်။ ယခုမှာတော့ ပြည်သူ့ရဲဘော်တစ်ဦးဟာ ဆောမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ရှေ့တွင် ကျမ်းသစ္စာကျိန်ဆိုနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါပြည်သူ့ရဲဘော်က နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ကျမ်းသစ္စာ ကျိန်ဆိုနေခဲ့တာပဲ ဖြစ်ပါတယ်။ PDFအလံကို ကိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုနေခဲ့တာ ဖြစ်ကာ အဆိုပါကျမ်းကျိန်နေတဲ့ ဗီဒီယိုဖိုင်လေးဟာ လူမှုကွန်ယက်ထက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ Federal  ဒီမိုကရေစီ မရမချင်း အရိုးကြေကြေအရေခမ်းခမ်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကျမ်းကျိန်နေတာကို ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါပြည်သူ့ရဲဘော်က ကိုင်ဆောင်သော လက်နက်ဖြင့်လည်း ကိုယ်ကျိုးစီးပွားအတွက် အသုံးမပြုပါဆိုပြီး ကျမ်းသစ္စာ ကျိန်ဆိုနေခဲ့ပါတယ်။ ဆောမြို့(PDF)တပ်ဖွဲ့ကတော့ "နမော ဗုဒ္ဓါယ သိဒ္ဓံ ပြည်သူ့ရဲဘော်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး ပြည်သူ့ရင်ခွင်ခိုလှုံခြင်း အရေးတော်ပုံ အောင်နေပြီ (9.9.2021) " ဆိုပြီး ထုတ်ပြန်ထားခဲ့တာပဲ ဖြစ်ပါတယ်။ PDFအလံကို ကိုင်ဆောင်ပြီး ကျမ်းသစ္စာကျိန်ဆိုကာ ပြည်သူ့ရဲဘော်အဖြစ် ခံယူနေတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T