သင်္ဘောသားများ ဖမ်းဆီးရမိခဲ့တဲ့ ၀က်မျက်နှာနဲ့ ငါးမန်းခန္ဓာကိုယ်ရှိတဲ့ ထူးဆန်းသတ္တဝါ

//s9.kh1.co/16/1645f453d88511a9d81a0864e2a413e14ef8ed39.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

သင်္ဘောသားများသာ ရေထဲကနေ ငါးမန်းခန္ဓာကိုယ်နဲ့ ၀က်မျက်နှာရှိတဲ့ သတ္တဝါကို ဖမ်းမိခဲ့ကြပါတယ်။ သူတို့လည်း တွေ့တွေ့ချင်းမှာ တော်တော်လေး ထိတ်လန်ခဲ့ကြရပါတယ်။ ဒီသတ္တဝါကိုတော့ အီတလီနိုင်ငံရဲ့ Elba ကျွန်းပေါ်က Portoferraio မြို့ Darsena Medicea လှေဆိပ်မှာ ရေတပ်က သူတွေဟာ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/38/38c5556f225e87af5a4c66dbe31ac839e484844a.jpg
https://s9.kh1.co/__image/w=650,h=434,q=100/8b/8bb20afba5ad4f5e254e4d32a019a8439aa6db5f.jpg

သူတို့လည်း လူတွေကိုအန္တရာယ်ပြုမှာဆိုးလို့ သွားရောင်ဖမ်းဆီးပြီး ရေထဲကနေ ဆွဲတင်ခဲ့တဲ့အခါမှာ ခုလို ငါးမန်းခန္တာကိုယ်နဲ့ ၀က်မျက်နှာ ရှိတဲ့ ထူးဆန်းသတ္တဝါမှန်း သိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ချက်ချင်းဆိုသလို ကောလဟာလတွေက ထွက်ရှိလာပါတယ်။ ကောလဟာလတွေအရ ဒီငါးမန်းဟာ Mutant ငါးမန်းတစ်ကောင်ဖြစ်ပြီး အရမ်းကိုရှားပါးတဲ့ Angular Roughshark ( Oxynotus Cemtria ) ဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=615,h=461,q=100/34/34fa3b52307e81438639591d0f0511886ca876c2.jpg
https://s9.kh1.co/__image/w=650,h=348,q=100/5e/5e2575c131ea7c7bee43515c1a4047a5e3bb7413.jpg

ပုံမှန်အားဖြင့် ဒ‌ီငါးမန်းကို ၀က်မျက်နှာငါးမန်းလို့သိရှိကြပြီး ရေအောက်မျက်နှာပြင် ပေ ၂၃၀၀ မှာနေထိုင်ကြပါတယ်။ ဒီသတ္တဝါဟာလည်း တွေ့ရှိရဖို့ ရှားပါးပြီး မျိုးသုဉ်းပျောက်ကွယ်တော့မှာ ဖြစ်တဲ့အတွက် IUCN Red List ထဲမှာ ပါ၀င်ပြီးသား ဖြစ်ပါတယ်။ ဒီသတ္တဝါပုံကို Social Media အပေါ်တင်လိုက်တဲ့အခါ လူအများရဲ့စိတ်၀င်စားမှုကို ရရှိခဲ့ပါတယ်။

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T