ရွာသားတချို့ သေဆုံးခဲ့ရတဲ့အပြင် ကျေးရွာထဲက နေအိမ်များပါ မီးရှို့ဖျက်စီးခံရတဲ့ မြင်သားကျေးရွာက လက်ရှိအခြေအနေ

//s9.kh1.co/c8/c82b26c622be56cc4f080d86d160ad74807d4802.jpg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော မြို့နယ်တချို့တွေမှာ အာဏာရှင်လူတစ်စုက အင်အားအလုံးအရင်းနဲ့ လုံခြုံရေးတင်းကျပ်စွာချပြီး ဖမ်းဆီးမှုတွေပိုမို လုပ်ဆောင်သလို ပြည်သူတွေကလည်း ရရာနည်းလမ်းတွေနဲ့ တော်လှန်လာခဲ့ကြတာ တွေ့ရပါတယ်။ စတင်ဘာလ (၉) ရက်နေ့ကလည်း မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြင်သားရွာမှာ မြို့ခံပြည်သူ့ကာကွယ်ရေးတပ်တွေက အာဏာရှင်လက်အောက်ခံတပ်တွေကို ပြန်လည်ခုခံပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒီတိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်အဖွဲ့က လက်နက်အင်အားမမျှခဲ့တာကြောင့် တပ်ဖွဲ့ဝင် (၁၁) ဦး ကျဆုံးခဲ့ကြောင်း ဒေသအရင်းမြစ်သတင်းများမှ သိရပါတယ်။ ဒါ့အပြင် မြင်သားရွာက ဒေသခံပြည်သူတွေကလည်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။ ဒီကနေ့မှာလည်း မြင်သားရွာက စိတ်မကောင်းစရာ သတင်းတစ်ခု ထပ်မံကြားသိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒါကတော့ ယနေ့ နံနက်ပိုင်းမှာ အာဏာရှင်လက်အောက်ခံတပ်ဖွဲ့ကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့တဲ့ မြင်သားရွာအား ကျေးရွာအတွင်းရှိ လူနေအိမ်တွေနဲ့ အဆောက်အဦးတချို့ကို အာဏာရှင်လူတစ်စုက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ကျန်ရှိနေတဲ့ ပြည်သူတွေအနေနဲ့ ထွက်ပြေးပုန်းရှောင်နေရပြီး သက်ကြီးရွယ်အိုတွေနဲ့ မကျန်းမာသူတွေသာ ဘုန်းတော်ကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံ နေကြတယ်လို့ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T