စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်ပြီး ခက်ခဲနေကြတဲ့ အိမ်ခြေ (၃၀၀) စာအတွက် စားသောက်ကုန်များ အလျှံပယ် လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/3d/3d1d9bb1aa8d4865bc777a3357cc89bf4c285ae3.jpeg
အနုပညာရှင်များ

 ၁၀-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

ပရဟိတအလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ လတ်တလောအခြေအနေတွေ အမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းနေတဲ့အပြင် အလှူငွေတွေလည်း တတ်နိုင်သလောက်လှူဒါန်းနေတာ တွေ့ရပါတယ်။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

ဒါ့အပြင် ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေတဲ့ ကာလတစ်လျှောက်မှာလည်း အောက်ဆီဂျင်အိုးတွေ အပြင် အခြား လိုအပ်တာတွေလည်း လှူဒါန်းခဲ့ပါသေးတယ် ။ ကိုယ်ကျိုးမကြည့်ဘဲ အများအတွက် ပရဟိတ အလုပ်တွေကို စိတ်ရော ကိုယ်ပါနှစ်ပြီး လုပ်ဆောင်နေသူမို့ မေမေ ခိုင်နှင်းဝေကို အားလုံးက လေးစား ချစ်ခင်နေကြတာပါ ။ 

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

အခုလည် ဒီလိုကျပ်တည်းနေတဲ့ ကာလမှာ ခက်ခဲနေကြတဲ့ အိမ်ထောင်စု (၃၀၀) စာအတွက် ဆန်(၃) ပြည်၊ ဆီ(၁)ဗူး၊Tea Mix ၊ငါးပိကောင်၊ ငါးခြောက်၊ငံပြာရည်၊ခေါက်ဆွဲခြောက်ထုပ်၊နို့မှုန့် ထုပ်တို့ကို ဝေမျှလှူဒါန်းခဲ့ပါတယ် ။ ခက်ခဲနေကြတာချင်းတူတူမို့ အတတ်နိုင်ဆုံး လူစုံရအောင် လှူပေးဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ် ။ ပရိသတ်ကြီးအတွက် ခိုင်နှင်းဝေရဲ့ အလှူလေးကို ဝေမျှပေးရင်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Source & Photo Credit : Khine Hnin Wai Facebook Page 
Source & Photo Credit : Khine Hnin Wai Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T