အဆိုတော် ထူးအယ်လင်းကတော့ ပရဟိတအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်ပြီး ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးနေတဲ့သူ ဖြစ်ပါတယ် ။ ထူးအယ်လင်းက ဘုရားတည်ပြီး ကုသိုလ်ပြုတဲ့အပြင် စစ်ဘေးရှောင်ဒေသတွေအထိ ကိုယ်တိုင်သွားရောက်ကာ လှူဒါန်းပေးလေ့ရှိတာလည်း ဖြစ်ပါတယ် ။ လတ်တလောမှာဆိုရင်လည်း ထူးအယ်လင်းက စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို တတ်နိုင်သလောက် တစ်ပိုင်တစ်နိုင် ကူညီပေးနေတာ တွေ့ရပါတယ်။
မနေ့ကတော့ ထူးအယ်လင်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ သမီးဖြစ်သူနဲ့ ပုံရိပ်လေးတွေကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ထူးအယ်လင်းက ရေခြားမြေခြားပြီး အရမ်းကိုအေးချမ်းတဲ့ ရွာလေးဆီကို သမီးလေးနဲ့အတူ လိုက်ပါသွားတယ်လို့ သိရတာပဲ ဖြစ်ပါတယ် ။ ထူးအယ်လင်းက စက်လှေနဲ့တစ်ဆင့်သွားရပြီးမှ သမီးရှိရာရွာလေးကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ် ။
ကလေးသုံးယောက်ဖခင်ဖြစ်တဲ့ ထူးအယ်လင်းက သမီးကြီးအပေါ်မှာရော သားလေးနှစ်ယောက်အပေါ်မှာပါ ဖခင်မေတ္တာအပြည့်ပေးပြီး ချစ်နေတာ ဖြစ်ပါတယ် ။ ထူးအယ်လင်းရဲ့သမီးကြီးကတော့ အခုဆိုရင် အသက် (၁၂)နှစ်အရွယ်တောင် ရှိနေပြီပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ ထူးအယ်လင်းရဲ့သမီးလေးကိုပါ ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ် ။ သမီးလေးနဲ့အတူ ရွာကိုလိုက်ပါသွားခဲ့တဲ့ ဖေဖေထူးအယ်လင်းရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source & Photo Credit-Htoo El Lynn's FB Acc