အီသီယိုပီးယားနိုင်ငံမှာ ၂ ရက်အတွင်း အရပ်သား ပြည်သူ (၁၂၀) လောက်အသတ်ခံရ

//s9.kh1.co/ef/efc1871a808cf991085f9fa9a907d27d5a178107.jpg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အီသီယိုပီးယားနိုင်ငံအတွင်းမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ၂ ရက်အတွင်း အရပ်သား (၁၂၀) လောက်အသတ်ခံခဲ့ရတယ်လို့သိရပါတယ်။

သတ်ခဲ့သူတွေကတော့ အီသီယိုပီးယားနိုင်ငံ တစ်ဂရေးဒေသက သူပုန်တွေလို့ပြောဆိုနေကြပေမယ့် တစ်ဂရေးတပ်ရဲ့ တာဝန်ရှိသူတွေကတော့ ဒီကိစ္စကို ငြင်းဆိုထားပါတယ်။

https://s9.kh1.co/__image/w=650,h=363,q=100/93/93b9a7e3ff484fe43662123f3bb0262c4d1a9918.jpg

အသတ်ခံရသူတွေဟာ အီသီယိုပီးယားနိုင်ငံ Amhara ဒေသ ဒါဘတ်မြို့ကနေ ၆ မိုင်ဝေးတဲ့ ရွာက ရွာသားတွေပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အလောင်း (၁၂၀) လောက်ရရှိထားပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တွေ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေပါ ပါဝင်တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/b7/b7d1863027c32813e6b2591887f3798f218fe166.jpeg

ဒါ့အပြင်ပျောက်ဆုံးနေသူတွေလည်း ရှိသေးတာကြောင့် အသတ်ခံရသူဦးရေဟာ ထပ်တိုးလာနိုင်ဖွယ် ရှိနေပါသေးတယ်။

လက်ရှိမှာတော့ တစ်ဂရေးတပ်တွေ ခဏတာကြီးစိုးခဲ့တဲ့ ၄င်းဒေသဟာ အီသီယိုပီးယား ပြည်ထောင်စုတပ်ရဲ့ ထိန်းချုပ်မှုအောက်ကို ပြန်ရောက်နေပီလို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=312,q=100/12/12e36a67c3005def9f46ffb542d4d00ff8ed0b7c.jpeg

သတင်း အရင်းအမြစ်Reuters

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T