ပစ်ခတ်မှုများ အရင်ဆုံးမလုပ်ဘဲ ပြည်သူနှင့်ပူးပေါင်းချင်တဲ့ တပ်သားများကို ဦးစွာစည်းရုံးဖိတ်ခေါ်နေတဲ့ မင်းတပ် CDF တွေရဲ့ ရုပ်သံ

//s9.kh1.co/27/27f5101df6c9c8ae0df08094bf7adf7afea4b92f.jpg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ချင်းပြည်နယ်၊ မင်းတပ်မြို့က ပြည်သူ့ကာကွယ်ရေးတပ် CDF တွေကတော့ အာဏာရှင်လူတစ်စုရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေနဲ့ ရဲဝန်ထမ်းတွေကို လက်နက်အပြည့်စုံဖြင့် CDM ပြုလုပ်ဖို့ ယခုတလောမှာ ဖိတ်ခေါ်လာခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် CDM ပြုလုပ်လာခဲ့ရင်လည်း ကျပ်သိန်း(၅၀)အား ဆုချီးမြှင့်ပေးမယ့်အပြင် ၎င်းတို့ဆီမှာ ခိုလှုံခွင့်ပေးမည်အကြောင်း ထုတ်ပြန် ကြေငြာထားခဲ့ပါတယ်။

PhotoCredit - CDF Mindat
PhotoCredit - CDF Mindat
PhotoCredit - CDF Mindat
PhotoCredit - CDF Mindat

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်တွေကလည်း လက်နက်အပြည့်စုံဖြင့် CDM ပြုလုပ်လာတာကို မင်းတပ် CDF တွေက မိသားစုသဖွယ် နွေးထွေးစွာကြိုဆိုပေးခဲ့ကြတာ တွေ့ရပါတယ်။ စတင်ဘာလ (၉)ရက်နေ့ကလည်း ရှေ့တန်းတစ်နေရာမှာ မင်းတပ် CDF တွေက ပြည်သူနှင့်ပူးပေါင်းချင်တဲ့ တပ်သားများအား ဖိတ်ခေါ် နေခဲ့တဲ့ ရုပ်သံဖိုင်ကို ဖော်ပြလာခဲ့ပါတယ်။

PhotoCredit - CDF Mindat
PhotoCredit - CDF Mindat
PhotoCredit - CDF Mindat
PhotoCredit - CDF Mindat

အဆိုပါ ရုပ်သံဖိုင်မှာတော့ မင်းတပ် CDF ဟာ ရှေ့တန်းမှာ ပြည်သူ့ရင်ခွင်ခိုလှုံချင်တဲ့ တပ်သားတွေကို အချိန်ပေးပြီး ဦးစွာ ဖိတ်ခေါ် စည်းရုံးနေတာ တွေ့ရပါတယ်။ ကြားသိရတဲ့ သတင်းများအရ မင်းတပ် CDF အဖွဲ့ဟာ ပြည်သူ့ဘက်တော်သားတွေကို အရင်ဆုံးဖိတ်ခေါ်ပြီး မရတော့တဲ့ အခြေအနေမှသာ ပစ်ခတ်မှုတွေကို စတင်ခဲ့ကြောင်း သိရပါတယ်။ မင်းတပ် CDF အဖွဲ့တွေရဲ့ ရှေ့တန်းတစ်နေရာမှာ ပြည်သူနှင့်ပူးပေါင်းချင်တဲ့ တပ်သားများအား ဖိတ်ခေါ် နေခဲ့တဲ့ ရုပ်သံဖိုင်ကို ပြန်လည်ကြည့်ရှုလို့ ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - CDF Mindat

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T