Covid-19 ရောဂါကြောင့် သေဆုံးသွားကြ သူတွေကို ရည်စူးပြီး မွန်မြတ်တဲ့ အလှူလေး ပြုလုပ်ပေးခဲ့ကြတဲ့ ပေါင်းတည်မြို့က ပရဟိတ အသင်းသားများ

//s9.kh1.co/65/655a12f1d4586e1d7d52e44859fc9e9420dd5e76.jpeg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

......

တတိယလှိုင်း အနေနဲ့ တစ်ကျော့ ပြန်လည် ရောက်ရှိလာတဲ့ ကိုဗစ်ရောဂါကြောင့် ပြည်သူတွေရဲ့ အသက်တွေ များစွာ ဆုံးရှုံးခဲ့ရပါတယ် ။  တစ်နေ့ကို သေဆုံးသူ ရာကျော် ထောင်ကျော်အထိ ရှိခဲ့ပြီး သင်္ဂြိုလ်ဖို့ကိုတောင် တုံကင် နံပါတ်တွေနဲ့ ထိုင်စောင့်ခဲ့ရသလို တစ်ချို့ အလောင်းတွေဆိုလည်း သင်္ဂြိုလ်လို့ မပီးတာကြောင့် စုထားရတာတွေအထိ အခြေအနေတွေ ဆိုးခဲ့ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

Dead Body တွေကို သယ်ဆောင်ပေးရတဲ့ ပရဟိတ အသင်းကားတွေ လည်း မနိုင်တော့သလို သူတို့လေးတွေလည်း နေ့ရော ညရော နေပူ မိုးရွာထဲ အလောင်းတွေ သင်္ဂြိုလ်လို့ ပီးသည်အထိ ထိုင်စောင့်ကြရလို့ ထမင်းတောင် သုသာန်မှာပဲ အဆင်ပြေသလို စားခဲ့ကြရတာတွေက စိတ်မကောင်းစရာ အဖြစ်တွေပါ ။ အရင်က ဒီလို အခြေအနေတွေ ဆိုးရွားခဲ့ပေမယ့် ယခုလက်ရှိအချိန်မှာတော့ သေဆုံးသူတွေလည်း အရင်ထက် အတော်လေး လျော့နည်းလာတာကို တွေ့ရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

​တစ်ချို့ဒေသတွေမှာဆိုရင် ကိုဗစ်ကြောင့် သေဆုံးခဲ့ကြသူတွေကို ရည်စူးပြီး အလှူအတန်း ကောင်းမှု ကုသိုလ်တွေ ပြုလုပ်လာပေးကြတာကို တွေ့ရပါတယ် ။ အခုလည်း ပေါင်းတည်မြို့မှာ ကိုဗစ်ရောဂါနဲ့ သေဆုံး သွားကြသူများအတွက် ကောင်းမှု ကုသိုလ် အနေနဲ့ "စေတနာ" နာရေးကူညီမှု အသင်းက ပဲဟင်းနဲ့ ငါးခြောက်ကြော်များကို ရက်ရက်ရောရော လှူဒါန်းဝေဌခဲ့ပါတယ် ။ လာရောက်ယူဆောင်ကြသူတွေလည်း များကြလို့ ကုသိုလ်လည်းရ ဝမ်းလည်းဝ ဆိုသလိုပါပဲ ။ ပရိသတ်ကြီးအတွက် ဒီ အလှူလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T