ဆိုင်ကယ်တစ်စီးနဲ့ ချိတ်မိပြီး တစ်ဖက်လမ်းကြောမှ မောင်းနှင်လာတဲ့ ကားအောက်ကို ရောက်ရှိသွားတဲ့ မော်လမြိုင်က ပြည်သူတစ်ဦးရဲ့ အဖြစ်အပျက်

//s9.kh1.co/f0/f0a67024f0aa672636132a04ead773a787232be8.jpg
နေ့စဉ်သတင်းများ

 ၀၉-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ဆိုင်ကယ်တစ်စီးနဲ့ ချိတ်မိပြီး တစ်ဖက်လမ်းကြောမှ မောင်းနှင်လာတဲ့ ကားအောက်ကို ရောက်ရှိသွားတဲ့ မော်လမြိုင်က ပြည်သူတစ်ဦးရဲ့ အဖြစ်အပျက်

ယခုရက်ပိုင်းအတွင်း ယာဥ်မတော်တဆဖြစ်ပွားမှုတွေ မကြာခဏဖြစ်နေတာကို မြင်တွေ့နေရပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နမ့်စန်မြို့မှာ သဲကားတစ်စီးက ဘရိတ်ပေါက်ပြီး နေအိမ်ကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တဲ့ ယာဥ်မတော်တဆမှုလည်း ဖြစ်ပွားခဲ့သလို ရန်ကုန်မြို့ ၊သာကေတမှာ ယာဥ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားသွားခဲ့သေးတာပဲ ဖြစ်ပါတယ်။ ယနေ့စက်တင်ဘာလ( ၉)ရက်နေ့မှာတော့ မော်လမြိုင်မြို့မှာ စိတ်မကောင်းဖြစ်စရာကောင်းတဲ့ ယာဥ်မတော်တဆမှု တစ်ခုဖြစ်ပွားသွားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အကြောင်းကတော့ မော်လမြိုင်မြို့က လူတစ်ဦးဟာ ဆိုင်ကယ်မောင်းနှင်လာရင်း မြို့ရှောင်လမ်း၊ PUMA POWER ဆီဆိုင်အကျော်မှာ တစ်ခြားဆိုင်ကယ်တစ်စီးနဲ့ ချိတ်မိပြီး တစ်ဖက်လမ်းကြောမှ လာတဲ့ ကားအောက်သို့ ရောက်ရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါပြည်သူဟာ တစ်ဖက်လမ်း​ကြောမှ မောင်းနှင်လာတဲ့ ကားအောက်ထဲကို ရောက်ရှိသွားပြီး ကားကြိတ်မိကာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးသမားတွေ လာရောက်ပြီး အဆိုပါပြည်သူကို ပြုစုပေးခဲ့ပေမယ့် ပြင်းထန်စွာရရှိတဲ့ ဒဏ်ရာတွေနဲ့ပဲ နေရာမှာ အသက်သေဆုံးခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

မတော်တဆဖြစ်ပြီး ကားအောက်ရောက်သွားကာ အသက်သေဆုံးသွားတဲ့ ပြည်သူဟာ အသက်(၄၀)အရွယ်ရှိ အမျိုးသားဖြစ်ပြီး ဇေယျာသီရိ၊ သရဖီ(၉)လမ်းမှာ နေထိုင်နေသူ ဖြစ်ပါတယ်။ ယခုမှာတော့ ကယ်ဆယ်ရေးသမားတွေက ဆိုင်ကယ်မတော်တဆဖြစ်ပြီး သေဆုံးသွားတဲ့ အဆိုပါပြည်သူကို ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။ ပြည်သူတွေအနေနဲ့ စိတ်မကောင်းဖြစ်စရာကောင်းတဲ့ ယခုဖြစ်ရပ်ကို သင်ခန်းစာယူပြီး အပြင်ထွက် သွားလာပါက သတိထားကြဖို့၊ ဆိုင်ကယ်မောင်းနှင်ရာတွင် ဖြည်းဖြည်းသာမောင်းနှင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T