လှည်းတန်းလမ်းဆုံတွင် အာဏာရှင်ကို အမြစ်ပြတ်တော်လှန်ရန် လှုံ့ဆော်ထားသော ဆိုင်းဘုတ်များ ချိတ်ဆွဲခဲ့ကြ

//s9.kh1.co/57/577ca7ccfe05b749dab93070552c6c8e94b7d4a7.png
နေ့စဉ်သတင်းများ

 ၀၉-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

စက်တင်ဘာလ (၇) ရက်နေ့မှာ NUG အစိုးရအနေနဲ့ အာဏာရှင်ကို တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ တော်လှန်ကြဖို့ လှုံ့ဆော်မှုတစ်ခုပြုလုပ်ပြီးတဲ့အချိန်မှာပဲ အခြေအနေတွေဟာ အရင်ထက်ပိုပြီးဆိုးဝါး လာခဲ့ပါတယ်။ တိုက်ပွဲတွေလည်းပိုမိုပြင်းထန်လာခဲ့ပြီး ပြည်သူလူထုတွေကလည်း သတိ ဝီရိယနဲ့ အမြဲတမ်းအန္တရာယ်ကို မျက်ချေမပြတ်စောင့်ကြည့်နေရတဲ့ အနေအထားပါ။ မြို့တိုင်းနယ်တိုင်းလိုလိုက အာဏာရှင်ရဲ့ လက်အောက်ခံစီးပွားရေးတစ်ခုဖြစ်တဲ့ Mytel တာဝါတိုင်တွေဟာလည်း ဖြိုချဖျက်ဆီးခံခဲ့ ရပါတယ်။

Photo Credit - General Strike Committee - GSC's FB Acc
Photo Credit - General Strike Committee - GSC's FB Acc

ဒီနေ့မှာလည်း NUG အစိုးရရဲ့ထုတ်ပြန်ချက်နဲ့အညီ General Strike Committee - GSC အဖွဲ့ကလည်း လှည်းတန်းလမ်းဆုံမှာ '' လူထုအားလုံးလွတ်မြောက်ဖို့ တော်လှန်စစ်ကိုဆင်နွှဲစို့ " ဆိုတဲ့ပိတ်စတွေကို ချိတ်ဆွဲခဲ့ကြပါတယ်။ ပြည်သူလူထုဟာ ရတဲ့နည်းနဲ့တော်လှန်နေခဲ့ပြီး အာဏာရှင်ကိုအမြတ်ဖြတ်နိုင်ဖို့ ကြိုးပန်းနေခဲ့ကြပါတယ်။ နှစ်ဖက်လုံးက အခြေအနေတွေ တင်းမာနေခဲ့ပြီး လက်ရှိအချိန်မှာတော့ အထိအခိုက်အကျအဆုံးတွေ ပိုပြီးများလာခဲ့ပါတယ်။

Photo Credit - General Strike Committee - GSC's FB Acc
Photo Credit - General Strike Committee - GSC's FB Acc

တောထဲမှာဒုက္ခခံနေရတဲ့ PDF တွေကို လှူဒါန်းကြသူတွေလည်းရှိသလို ပျောက်ကြားသပိတ်တွေဆင်နွှဲပြီး ဆန္ဒထုတ်ဖော်တာတွေလည်း မကြာခဏဆိုသလို ပေါ်ထွက်လာခဲ့ပါတယ်။ လူကိုယ်တိုင်ပါဝင်တဲ့ သပိတ်စစ်ကြောင်းတွေအပြင် အခုလို စာတန်းသီးသန့်နဲ့ လူမဲ့သပိတ်တွေဟာလည်း အများအပြားပါပဲ။ အရင်လို ပျော်ရွှင်လွတ်လပ်တဲ့ နေ့ရက်တွေကို ပြန်ပိုင်ဆိုင်နိုင်ဖို့ဆိုတာ အာဏာရှင်စနစ်ကျရှုံးမှပဲဖြစ်မှာမို့ ပြည်သူတစ်ရပ်လုံးက ရရာနည်းနဲ့တော်လှန်နေကြဆဲပါပဲ။

Photo Credit - General Strike Committee - GSC's FB Acc
Photo Credit - General Strike Committee - GSC's FB Acc

သတင်း အရင်းအမြစ်General Strike Committee - GSC's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T