မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ရန်ကုန်မြို့ပေါ်နေရာအတော်များများမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။ မိုးနှောင်းကာလလည်း ရောက်နေပြီဖြစ်ပြီး မုတ်သုံလေအားကောင်းနေတာကြောင့် မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ မိုးရွာသွန်းမှုဖြစ်ပေါ်နေပြီး မြစ်ရေတက်မှုတွေလည်း ဖြစ်ပေါ်နေတာဖြစ်ပါတယ်။
ဒီကနေ့ ရန်ကုန်မှာရွာသွန်းသွားတဲ့ မိုးအခြေအနေကြောင့် လမ်းတွေအထိရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီး ကားတွေပါသွားလာရခက်ခဲနေတာကို တွေ့ရပါတယ်။ ရန်ကုန်ရှိမြို့နယ်အတော်များများမှာလည်း ရေကြီးမှုတွေဖြစ်ပေါ်နေပြီး ပြည်သူတွေအနေနဲ့ သွားလာရေးခက်ခဲနေကာ ဒီပုံရိပ်တွေဟာဆိုရင်လည်း လူမှုကွန်ယက်စာမျက်နှာထက်တွေမှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။
မကြာသေးမီကလည်း ပြည်သူတစ်ဦးဟာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရန်ကုန်မြို့ အင်းလျားကန်ဘောင် ပြည်လမ်းရှေ့မှာ ရေကြီးမှုတွေဖြစ်ပေါ်နေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Myanmarload