မူးယစ်ဆေးဝါးရဲ့ သားကောင်းအဖြစ်မှ လွတ်မြောက်လာခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

//s9.kh1.co/2b/2b702a7a4ed8a50e46681c31bc7c2f81855c3d40.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မူးယစ်ဆေးဝါးဆိုတာဟာ စွဲသွားရင် ဖြတ်တောက်ဖို့ မလွယ်တဲ့အရာဖြစ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတာတွေလည်း ရှိပေမယ့် မသုံးပဲနေတာက အကောင်းဆုံးပဲလို့ သတ်မှတ်ထားကြပါတယ်။ အနုပညာရှင်တွေထဲမှာလည်း ဒီလိုမျိုး မူးယစ်ဆေးကို စွဲသွားမိတဲ့သူတွေရှိပါတယ်။ တချို့ကတော့ မူးယစ်ဆေးရဲ့သားကောင်ဖြစ်ပြီး နာမည်ပျက်သွားကြပေမယ့် တချို့ကတော့ ပြန်လည်ရုန်းထွက်နိုင်ခဲ့ကြပါတယ်။ ခုလိုမူးယစ်ဆေးရဲ့ သားကောင်အဖြစ်ကနေ ပြန်လည်ရုန်းထွက်ခဲ့တဲ့ ကမ္ဘာကျော်အနုပညာရှင် တချို့ကို ဖော်ပြလိုက်ပါတယ်။

Robert Downey Jr.

https://s9.kh1.co/__image/w=650,h=440,q=100/ae/aec5d59a6400e772978a64fab568a59a68764c5d.jpg

မင်းသားဟာ သူ့အနေနဲ့ ဆယ်ကျော်သက်တုန်းက ဆေးသုံးစွဲမှုတွေရှိခဲ့တယ်လို့ ပြောပြဖူးပါတယ်။ အဲ့တာကြောင့်လည်း ၁၉၉၀ ‌နောက်ပိုင်း နဲ့ ၂၀၀၀ အစောပိုင်းမှာတုန်းက အရက်၊ ကိုကင်း နဲ့ ဘိန်းဖြူပိုင်ဆိုင်ထားမှုကြောင့် ကယ်လီဖိုးနီးယားအကျဉ်းထောင်နှင့် အစိုးရပိုင်ပြန်လည်ထူထောင်ရေးဌာနတို့တွင်အချိန်ကုန်ခဲ့ပါတယ်။ ၂၀၀၂ မှာတော့သူဟာ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ Marvel ရဲ့ ၂၀၀၈ ရုပ်ရှင်ဖြစ်တဲ့ Iron Man ဟာသူ့ရဲ့ အနုပညာရှင်ဘ၀ကို တစ်ဖန်ပြန်လည်ရှင်‌သန်စေခဲ့ပါတယ်။

Demi Lovato

https://s9.kh1.co/__image/w=650,h=782,q=100/48/48ee1f3d752beb0b08ee0e6b995c8cb2735e5ac5.jpg

သူမဟာ အသက် ၁၇ နှစ်တုန်းက TV အစီအစဉ်တစ်ခုမှာ မင်းသမီးဖြစ်ခဲ့ပြီး အဲ့တုန်းက သူမဟာ ပထမဆုံး ဆေးကို စတင်သုံးစွဲခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့အဆိုတော်ဘ၀မှာ ဆေးနဲ့အရက်တွေသာ သူမအတွက် ပြဿနာတစ်ခုဖြစ်လာပါတယ်။ ၂၀၁၀ မှာတုန်းက သူမဟာ စိတ်ကြွရောဂါနှင့်အစာမမှန်မှုများ အပါအ၀င် စိတ်ကျန်းမာရေးပြသနာများနှင့်အတူပထမဆုံး ကုသမှုများ ပြလုပ်ခဲ့ပါတယ်။ သူမဟာ အင်တာဗျူးများနဲ့ သီချင်းများမှာအပြင် Social Media ပေါ်မှာလည်း သူမရဲ့ ကုသမှုတွေကို ပြောပြလေ့ရှိပါတယ်။

Ben Affleck

https://s9.kh1.co/__image/w=650,h=907,q=100/09/09f37c7406e411ab1d907a382fabd2842df614fc.jpg

Good Will Hunting နဲ့ Argo ကားတွေနဲ့အတူ Oscar ရထားတ‌‌ဲ့ Batman မင်းသားကတော့ သူ့ရဲ့ အရက်စွဲလမ်းမှုအပေါ် ပြောပြခဲ့ဖူးပါတယ်။ သူဟာ ၂၀၀၁ ခုနှစ်တုန်းက ပထမဆုံးအနေနဲ့ ပြန်လည်ထူထောင်ရေးဌာနဆိကို သွားခဲ့ပြီး သူ့ရဲ့စွဲလမ်းမှုကို “ ရာသက်ပန်ခက်ခဲသောရုန်းကန်မှု” လို့ခေါ်ပါတယ်။ ၂၀၁၈ ခုနှစ်တွင် ကုသရေး စင်တာမှာ နေပြီးနောက် Affleck ဟာ “ မင်းပြဿနာတစ်ခုခုကြုံလာရင် အကူအညီရယူတာဟာ အားနည်းချက် ဒါမှမဟုတ် ကျရှုံးမှုမဟုတ်ဘူး၊ ဒါဟာသတ္တိရှိတယ်ဆိုတာရဲ့လက္ခဏာတစ်ခုပဲ။ ”လို့ပြောခဲ့ပါတယ်။

Bradley Cooper

https://s9.kh1.co/__image/w=650,h=457,q=100/6f/6f5de9d187c8d15db5980990d39a7b7db2501e3f.jpg

သူဟာ Oscar အတွက် ထည့်သွင်းခြင်း ခံရလေ့ရှိတဲ့ မင်းသားဖြစ်ပြီး သူရဲ့အောင်မြင်တဲ့လမ်းတစ်လျှောက်မှာ ခက်ခဲတဲ့အချိန်များကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။ သူဟာ နှစ်ပေါင်းများစွာ အရက်နဲ့ဆေးကြောင့် သူ့ရဲ့ဘ၀ဟာ စုတ်ပြတ်နေခဲ့ပြီး ၂၀၀၄ ခုနှစ် အသက် ၂၈ မှာ နောက်ထပ် အဲ့တာတွေကို မသုံးဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ အဲ့ကစပြီး သူဟာ Hollywood ရဲ့ ဈေးအကြီးဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

Daniel Radcliffe

https://s9.kh1.co/__image/w=650,h=934,q=100/ad/adfaa0179f2c1c5c59abea787856764e3b480818.jpg

Harry Potter မင်းသားဟာ ရုတ်တရက်အောင်မြင်ကျော်ကြားလာမှုနဲ့အတူ Personal ပြဿနာတွေပါ သယ်ယူလာခဲ့မိပါတယ်။ သူဟာ နောက်ဆုံး Potter ၃ ကားကို ရိုက်ကူးနေစဉ်အတွင်းတော်တော်သောက်ခဲ့တယ်လို့ ပြောပြဖူးပါတယ်။ နောက်ဆုံးသူဟာ ဒါကိုမထိန်းချုပ်နိုင်ဘူးဆိုတာ သိရှိလာခဲ့ပါတယ်။ ဒါကြောင့်ပဲသူဟာ ဒီကား ၃ ကားပြီးတာနဲ့ ထွက်တာ့မယ်ပြောပြီး သူ့အနေနဲ့ ပြန်လည်ထူထောင်ရေးကို လုပ်ဆောင်သွားခဲ့ကြောင်း ပြောခဲ့ပါတယ်။

သတင်း အရင်းအမြစ်WebMD

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T