စစ်ကြောင်းတွေ အကုန်ပေါင်းပြီး အားအင်အပြည့်နဲ့ သပိတ်တိုက်ပွဲဆင်နွှဲခဲ့ကြတဲ့ မန္တလေးပြည်သူလူထုရဲ့ သပိတ်မြင်ကွင်းပုံရိပ်များ

//s9.kh1.co/b4/b4265746f4a4369f4daa6688deb382ffda57ff9b.jpg
နေ့စဉ်သတင်းများ

 ၀၉-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဖမ်းဆီးထိန်းသိမ်းမှုတွေ နေရာတိုင်းမှာ များပြားနေပေမယ့် ပြည်သူတွေရဲ့ စစ်အာဏာရှင် တော်လှန်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့ရက်တိုင်း အားအင်အပြည့်နဲ့ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။ ဒီဒေးကြေငြာလိုက်ပြီးနောက်မှာ စစ်ဆေးမှုတွေနဲ့ ဖမ်းဆီးမှုတွေပိုမိုများပြားလာသလို တစ်ဖက်ကလည်း ဖောက်ခွဲမှုတွေနဲ့ ပစ်ခတ်မှုတွေ နေ့တိုင်းလိုလိုပြုလုပ်လာတာကို တွေ့ရပါတယ်။

Photo credit-Spring DIARY's Facebook page
Photo credit-Spring DIARY's Facebook page
Photo credit-Spring DIARY's Facebook page
Photo credit-Spring DIARY's Facebook page

မန္တလေးမြို့ဟာဆိုရင်လည်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ တက်ကြွစွာပါ၀င်နေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဖြိုခွင်းအကြမ်းဖက်မှုတွေလည်း မကြာခဏဆိုသလိုခံနေကြရပြီး အသက်ဆုံးရှုံးသွားရတဲ့ မန္တလေးပြည်သူတွေလည်း အများအပြားရှိလာနေပါတယ်။ အခုလို အခက်အခဲတွေရှိနေပေမယ့်လည်း မန္တလေးပြည်သူတွေကတော့ ရရာနည်းလမ်းနဲ့ သပိတ်စစ်ကြောင်းတွေ ထွက်နေကြဆဲဖြစ်ပါတယ်။

Photo credit-Spring DIARY's Facebook page
Photo credit-Spring DIARY's Facebook page
Photo credit-Spring DIARY's Facebook page
Photo credit-Spring DIARY's Facebook page

ဒီနေ့မှာဆိုရင်လည်း မန္တလေးပြည်သူလူထုဟာ မန္တလာတက္ကသိုလ် / မြတောင် / စက်မှု /

အခြေစိုက်လူထု / ချမ်းစည် စုပေါင်း သပိတ်စစ်ကြောင်း တွေအကုန်ပေါင်းစည်းကာကြက်သီးထဖွယ် အင်အားဖြင့် မန္တလေးမြို့ထဲ ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Spring DIARY's Facebook page
Photo credit-Spring DIARY's Facebook page

သတင်း အရင်းအမြစ်Spring DIARY's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T