တိုင်းပြည်နဲ့လူမျိုးအတွက်ဆိုပြီး ပြည်သူတွေရဲ့ ချွေးနည်းစာပိုက်ဆံတွေကို လိမ်ယူနေတဲ့ လူတစ်ဦးအား ဖမ်းမိခဲ့တဲ့ KNDOတပ်ဖွဲ့ဝင်များ

//s9.kh1.co/c2/c2801114003b515b594524f352606fbb6618faff.jpg
နေ့စဉ်သတင်းများ

 ၀၉-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

တိုင်းပြည်နဲ့လူမျိုးအတွက်ဆိုပြီး ပြည်သူတွေရဲ့ ချွေးနည်းစာပိုက်ဆံတွေကို လိမ်ယူနေတဲ့ လူတစ်ဦးအား ဖမ်းမိခဲ့တဲ့ KNDOတပ်ဖွဲ့ဝင်များ

မြန်မာပြည်သူတွေကတော့ ရန်သူကို အမြစ်ပြတ်တိုက်ထုတ်ဖို့အတွက် တော်လှန်ရေးနယ်မြေတွေဆီ သွားရောက်ပြီး စစ်ပညာတွေ သင်ကြားနေကြပါတယ်။ တောတောင်တွေထဲ ရောက်နေတဲ့  လူငယ်လေးတွေဟာ  စားဝတ်နေရေးတွေအပြင် တစ်ခြားသောအခက်အခဲတွေကိုပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေကတော့ အသက်ကိုတောင်စွန့်ပြီး တိုက်ပွဲဝင်နေတဲ့ လူငယ်လေးတွေ စားရေးသောက်ရေးအဆင်ပြေဖို့၊ ပစ္စည်းတွေ ဝယ်ယူဖို့အတွက် သူတို့တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်ပေးနေပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

ကိုယ်ကျိုးကြည့်ပြီး PDFအယောင်ဆောင်ကာ ပြည်သူတွေရဲ့ ချွေးနည်းစာပိုက်ဆံတွေကို လိမ်လည်နေတဲ့ လူလိမ်တွေလည်း ရှိနေကြပါတယ်။ ယနေ့စက်တင်ဘာလ(၉)ရက်နေ့မှာတော့ KNDOတပ်ဖွဲ့ဝင်များဟာ ပြည်သူတွေဆီကနေ ငွေကြေးလိမ်လည်​ကောက်ခံနေတဲ့ လူတစ်ဦးကို လက်ပူးလက်ကြပ်ဖမ်းမိခဲ့ပါတယ်။ ယခုလိုအရေးကြီးနေတဲ့ အချိန်ကာလမှာ တိုင်းပြည်နဲ့လူမျိုးအတွက်ဆိုပြီး အဆိုပါလိမ်လည်သူက ပြည်သူတွေရဲ့ ချွေးနည်းစာပိုက်ဆံတွေကို လိမ်လည်ကောက်ခံနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါလိမ်လည်သူဟာ ငွေကြေးလိမ်လည်ကောက်ခံတဲ့အပြင် တစ်ခြားသောပြစ်မှုများစွာကိုလည်း ကျူးလွန်ထားသူဖြစ်ပါတယ်။ KNDOတပ်ဖွဲ့က အထွေထွေပိုင်းဆိုင်ရာတာ၀န်မှူးကျောအဲမှ အဆိုပါပြစ်မှုများစွာကျူးလွန်ထားသူကို သက်ဆိုင်ရာဆီ ပို့ဆောင်ခဲ့​ကြောင်းသိရပါတယ်။ KNDOတပ်သားတစ်ဦးကတော့ " "ခုလို အရေးကြီးတဲ့အချိန်မှာ တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုပြီး အလှူငွေတွေ လိမ်ကောက်နေတာ အခြားသော ပြစ်မှုများစွာလည်း ကျူးလွန် လုပ်ထားတယ် ကျနော်တို့အဖွဲ့မှ ဖမ်းဆီးရမိထားပြီး တာ၀န်အရ အထွေထွေပိုင်းဆိုင်ရာတာ၀န်မူးကျောအဲမှ အဖူးဆီ ပို့လိုက်သည် " ဆိုပြီး ရေးသားထားပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T