တိုက်ပွဲခေါ်သံတွေပြင်းထန်လာသည်နဲ့အမျှ စနိုက်ပါပစ်ခတ်မှုတွေအထိ လေ့ကျင့်ပြင်ဆင်နေကြပြီဖြစ်တဲ့ PDF ရဲဘော်များ

//s9.kh1.co/93/93902a5b92330e36291b0f93b97016cbbd7eaa8f.jpg
နေ့စဉ်သတင်းများ

 ၀၉-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို လိုလားကြတဲ့ GZလူငယ်တွေကတော့ ယနေ့အချိန်ထိ အာဏာရှင်လူတစ်စုကို နည်းမျိုးစုံဖြင့် ဆန္ဒပြတော်လှန်လှုပ်ရှားနေကြတာဖြစ်ပါတယ်.....။ Gen Zလူငယ်လေးတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအနေနဲ့ ခံယူပြီး လွတ်မြောက်ဒေသတွေမှာ စစ်ပညာကြိုးစားသင်ယူနေကြတာပါ ။ တိုင်းပြည်နဲ့ လူမျိုးအတွက် တန်ဖိုးရှိတဲ့ အရာတွေကို စွန့်ခွာပြီး တောတောင်တွေထဲမှာ ခက်ခဲကြမ်းတမ်းစွာနဲ့ ယုံကြည်ရာကို လျှောက်လှမ်းနေကြတဲ့ လူငယ်လေးတွေပဲ ဖြစ်ပါတယ်။

Photo credit-People's Defence Force-TTC's Facebook page
Photo credit-People's Defence Force-TTC's Facebook page
Photo credit-People's Defence Force-TTC's Facebook page
Photo credit-People's Defence Force-TTC's Facebook page

NUG အစိုးရဘက်ကနေ ဒီဒေးကြေငြာလိုက်ပြီးတဲ့နောက်မှာ ပေါက်ကွဲမှုတွေနဲ့ တိုက်ပွဲတွေလည်း နေ့ရက်တိုင်းလိုလိုဖြစ်ပေါ်နေပြီး PDFရဲဘော်တွေအနေနဲ့လည်း စစ်ရေးအတွက် ပြင်ဆင်တိုက်ပွဲ၀င်နေကြပြီဖြစ်ပါတယ်။ မြို့ပေါ်တွေမှာလည်း ပေါက်ကွဲမှုတွေဖြစ်ပေါ်လာနေပြီဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့လည်း ပြင်ဆင်စရာရှိတာတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့လိုအပ်ပါတယ်။

Photo credit-People's Defence Force-TTC's Facebook page
Photo credit-People's Defence Force-TTC's Facebook page
Photo credit-People's Defence Force-TTC's Facebook page
Photo credit-People's Defence Force-TTC's Facebook page

PDF ရဲဘော်တွေအနေနဲ့လည်း အာဏာရှင်တွေကိုအမြစ်ဖြုတ်ဖို့အတွက် စိတ်အားထက်သန်နေပြီး စနိုက်ပါပစ်ခတ်မှုတွေအထိပါ ကြိုးစားလေ့ကျင့်နေတာကိုလည်း တွေ့ရပါတယ်။ အခက်အခဲမျိုးစုံကြားကနေ ဖယ်ဒရယ်ဒီမိုကရေစီ ရရှိဖို့အတွက် အသက်ကိုတောင်ပဓာနမထားပဲ ကြိုးစားနေကြတဲ့ PDFရဲဘော်တွေကို ပြည်သူတွေဘက်ကလည်း တတ်နိုင်သ၍ကူညီမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

Photo credit-People's Defence Force-TTC's Facebook page
Photo credit-People's Defence Force-TTC's Facebook page

သတင်း အရင်းအမြစ်People's Defence Force-TTC's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T