စိတ်ရဲ့ငြိမ်းအေးရာကိုရှာဖွေဖို့ သာသနာ့ဘောင်ကို ဝင်ရောက်သွားပြီဖြစ်တဲ့ G Fatt (ခ) ရှင်ပညိသာရရဲ့ ကြည်ညိုဖွယ်ပုံရိပ်တွေ

//s9.kh1.co/ec/eca7c8e095321e7401ba9a9f0dbb016fcef93a34.png
အနုပညာရှင်များ

 ၀၉-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

အမိုက်စား Rap တွေနဲ့ ပရိသတ်တွေကိုဖျော်ဖြေခဲ့တဲ့ အဆိုတော် G Fatt ဟာ လတ်တလောမှာတော့ သာသနာ့ဘောင်ကိုဝင်ရောက်နေခဲ့ပြီပဲဖြစ်ပါတယ်။ လက်ရှိအခြေအနေဟာ လူတိုင်းမှာအပူသောကတွေ ရှိနေခဲ့ပြီး မငြိမ်းချမ်းတဲ့ အခြေအနေတွေဖြစ်နေတာကြောင့် ကိုယ်တိုင်ရဲ့အေးချမ်းမှုကိုရှာဖွေဖို့ဆိုတာ ဘုရားရိပ် တရားရိပ်ကသာအသင့်တော်ဆုံးပါပဲ။ G Fatt ရဲ့ဘွဲ့အမည်ကတော့ ရှင်ပညိသာရဖြစ်ပြီး သင်္ကန်းခြုံကာ တရားမှတ်ပြီး ငြိမ်းအေးနေတဲ့ ပုံရိပ်တစ်ချို့ကို သူ့ရဲ့လူမှုကွန်ယက်မှာ ဝေမျှလာခဲ့ပါတယ်။

Photo Credit - G Fatt (Gfamily)'s Instagram Acc
Photo Credit - G Fatt (Gfamily)'s Instagram Acc

သီချင်းကောင်းလေးတွေလည်းဖန်တီးခဲ့သလို လမ်းကြောင်းကောင်းပေါ်မှာလည်း အေးအေးလူလူ လျှောက်လှမ်းနေတဲ့ ရှင်ပညိသာရကို ပရိသတ်တွေကလည်း သာဓုတွေခေါ်ဆိုပြီး ကောင်းချီးထောပနာတွေ ပေးကြပါတယ်။ အရေးအခင်းကာလတွေမှာ ပြည်သူတွေနဲ့အတူရပ်တည်ပေးခဲ့ပြီး လက်ရှိအချိန်ထိလည်း ပြည်သူတွေကို ရတဲ့နည်းနဲ့ ကူညီပေးနေခဲ့ပါတယ်။

Photo Credit - G Fatt (Gfamily)'s Instagram Acc
Photo Credit - G Fatt (Gfamily)'s Instagram Acc
Photo Credit - G Fatt (Gfamily)'s Instagram Acc
Photo Credit - G Fatt (Gfamily)'s Instagram Acc

စိတ်ရဲ့ငြိမ်းအေးရာဟာ တရားဓမ္မသာဖြစ်ပြီး ပူလောင်မှုတွေနဲ့ ကင်းဝေးရာလည်း တရားရဲ့အရိပ်ပဲ ဖြစ်ပါတယ်။ ဒီလိုအခက်အခဲကာလတွေမှာ လူတိုင်းဟာပူလောင်နေကြသလို G Fatt လည်း စိတ်ရဲ့အေးချမ်းရာကိုရှာဖွေနိုင်ဖို့ အခုလိုသာသနာ့ဘောင်ကို ဝင်ရောက်သွားခဲ့ပုံပါပဲ။ သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တဲ့ကာလအတိုင်းအတာတိုင်းမှာ စစ်မှန်တဲ့တရားဓမ္မတွေကို ရှာဖွေတွေ့ရှိပြီး တရားထူးတရားမြတ်တွေရနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - G Fatt (Gfamily)'s Instagram Acc
Photo Credit - G Fatt (Gfamily)'s Instagram Acc

သတင်း အရင်းအမြစ်G Fatt (Gfamily)'s Instagram Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T